close

အားမာန်ရွှေဆိုင်

close

May 9, 2022

မော့ကနင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ အားမာန်ရွှေဆိုင် ဓားပြတိုက်ခံရ

မွန်ပြည်နယ်၊  ရေးမြို့နယ် မော့ကနင်ကျေးရွာ ဗိုလ်ချုပ်လမ်း အုပ်ချုပ်ရေးမှူးရုံးရှေ့က အာမာန် ရတနာရွှေဆိုင် မေ ၉ ရက်နေ့ နေ့လယ်ပိုင်းလောက် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေဆိုင်ပိုင်ရှင် ကိုရိုးကိုလည်း အမည်မသိနှစ်ဦးက သေနတ်နဲ့ တချက်ပစ်ခတ်ခဲ့တာကြောင့် မော်လမြိုင်ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်မှာ ရွှေ နဲ့ ငွေတွေ ဘယ်လောက်ပါသွားတယ်ဆိုတာ မသိရသေးဘဲ ဒီနယ်မြေမှာ ဓားပြတိုက်ခံရတာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“CCTV မှာ ပြန်ကြည့်တော့ လူငယ်ပိုင်းတွေ ဖြစ်နိုင်တယ်။ မူးယစ်ဆေး သုံးစွဲပြီး အခုလို ငွေလိုတော့ ဓားပြတိုက်တာ ဖြစ်နိုင်တယ်။” 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်မှုကြီးတွေဖြစ်တဲ့ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်၊  မုဒိမ်းမှု ကျူးလွန်သူတွေ အများဆုံးပြန်လွတ်လာတာကြောင့်  မြို့နယ်အတွင်းမှာ တနေ့တခြား ခိုးဆိုးယက်မှုတွေ များပြားလာနေတယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။

1 hour Ago
Up