close

အားသာချက်

close

December 13, 2022

မက်ဆီကြောင့် ထူးခြားသည့်အားသာချက်ရရှိစေဟု နောက်ခံလူ တက်လီယာဖီကို ပြော

အာဂျင်တီးနားအသင်းမှာ မက်ဆီရှိနေတာက ထူးခြားတဲ့အားသာချက်ရရှိစေကြောင်း အသင်းဖော် နောက်ခံလူ တက်လီယာဖီကိုကပြောပါတယ်။

အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံနေပြီး မက်ဆီရှိနေတာက အားသာချက်တစ်ခုဖြစ်ကြောင်း တက်လီယာဖီကိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့တာပါ။

“မက်ဆီရှိနေတာက အမြဲတမ်းပဲ အားသာချက် ရရှိစေတယ်။ သူက ကျနော်တို့ အသင်းခေါင်းဆောင်နဲ့ ဦးဆောင်သူဖြစ်တယ်။ သူရှိနေတာက အသင်းသားတွေကို စိတ်ဓာတ်လှုံ့ဆော်မှုရှိစေတယ်”လို့ နောက်ခံလူ တက်လီယာဖီကိုက ပြောပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ အာဂျင်တီးနားကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့မယ်ဆိုရင် ခရိုအေးရှားသမိုင်းမှာ အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းတင်ကျန်ရစ်မယ်လို့ ပြောသွားပါတယ်။ 

3 mins Ago

November 27, 2020

အမှားလုပ်မိမည်ကို မကြောက်သည့်စိတ်က ဖာနန်ဒက်စ်၏ အားသာချက်ဟု နာနီသုံးသပ်

အမှားလုပ်မိမှာကို မကြောက်တက်တဲ့စိတ်က ဘရူနိုင်ဖာနန်ဒက်စ်ရဲ့ အားသာချက်ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း နာနီက သုံးသပ်ပါတယ်။ ဖာနန်ဒက်စ်နဲ့ နာနီတို့ဟာ စပို့တင်းလစဘွန်းမှာ အတူကစားခဲ့ဖူးပါတယ်။ ဖာနန်ဒက်စ်ရဲ့ ဘောလုံးကစားပုံက စွန့်စားမှုတွေနဲ့ ဘောလုံးကို လက်ခံရယူသလို  ခက်ခဲတဲ့ ပေးပို့မှုတွေ၊ ဆွဲယူပြေးမှုတွေနဲ့ ကန်သွင်းချက်တွေကိုလည်; တာဝန်ရှိရှိနဲ့ လုပ်ဆောင်တတ်တာက ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်တယ်လို့ နာနီက သုံးသပ်ပါတယ်။  ဒါ့အပြင် အမှားလုပ်မှာ မကြောင်တက်သူဖြစ်ပြီး အသင်းအောင်မြင်မှု ရဖို့အတွက်ပဲ စဉ်းစား လုပ်ဆောင်တတ်သူလို့လည်း နာနီက ဖာနန်ဒက်စ်ကို ချီးကျူးပါတယ်။  စပို့တင်းလစ္စဘွန်းမှာ ကတည်းက ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းခြေစကို မြင်တွေ့ခဲ့ရပြီး တခြား လိဂ်ကိုပြောင်းရွှေ့မယ်ဆိုရင် အင်္ဂလန်ကိုသွားသင့်ကြောင်း တိုက်တွန်းခဲ့ဖူးတယ်လို့လည်း နာနီကပြောပါတယ်။  ဖာနန်ဒက်စ်ဟာ မန်ယူအသင်းအတွက် စုစုပေါင်း ၃၅ ပွဲမှာ ၂၁ ဂိုးသွင်းပြီး ၁၃ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
2 years Ago
Up