close

အိဒ်ပွဲ

close

May 3, 2022

အိမ်ဖြူတော်တွင် အိဒ်ပွဲကျင်းပ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် ဒေါက်တာ ဂျေးဘိုင်ဒင်တို့ တနင်္လာနေ့က အိမ်ဖြူတော်မှာ မွတ်စလင်တွေရဲ့ အိဒ်ပွဲတော်ကို လက်ခံကျင်းပပါတယ်။

ရာမန်ဒန်ဥပုသ်လ ကုန်ဆုံးချိန်မှာ ကျင်းပတဲ့ အိဒ်ပွဲတော်ကို မနှစ်က ကိုဗစ်ကြောင့် အွန်လိုင်းက နေပဲ ကျင်းပနိုင်ခဲ့ပါတယ်။ 

မွတ်စလင်တွေဟာ ဥပုသ်လမှာ တခြားသူတွေရဲ့ ဒုက္ခတွေကို စာနာနားလည်ခြင်း၊ တခြားသူ တွေကို ပေးကမ်းစွန့်ကြဲ အလှူဒါနပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတာပါ။

ကမ္ဘာ့ကြီးကို ပိုကောင်းဖို့၊ ဒုက္ခခံစားရသူတွေ သက်သာစေဖို့ ဒီလို ဆောင်ရွက်နေကြတာကို ဒီနှစ်မှာ ကမ္ဘာအနှံ့တွေ့ခဲ့ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က သွားတာပါ။ 

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ အိမ်ဖြူတော်မှာ ဆယ်စုနှစ်နဲ့ချီ အစဉ်အလာအတိုင်း ကျင်းပခဲ့တဲ့ အိဒ်ပွဲတော်ကို မကျင်းပခဲ့ဘဲ ဂျိုးဘိုင်ဒင်လက်ထက်ကျမှ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။ 

2 hours Ago
Up