ဒီဇင်ဘာ ၈ ရက်နေ့က အိန္ဒိယ စစ်ရဟတ်ယာဉ် ပျက်ကျမှုအတွင်း အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်နဲ့ ဇနီးတို့အပါအဝင် ၁၃ ယောက် သေဆုံးသွားတယ်လို့ အိန္ဒိလေတပ်က အတည်ပြုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စစ်ရဟတ်ယာဉ်ပေါ် ၁၄ ယောက် ပါသွားခဲ့ပြီး ဒဏ်ရာနဲ့ အသက်ရှင်ကျန်ရစ်တဲ့ တစ်ယောက်ကို ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။
အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာဝပ်ဟာ ဆူလာမြို့ လေတပ်အခြေစိုက်စခန်းကနေ တမီနာဒူလ်ပြည်နယ် ဝယ်လင်တန်မြို့က ကာကွယ်ရေးဝန်ထမ်းကောလိပ်မှာ ဟောပြောဖို့ Mi-17V5 ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့ရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာလို့ လေတပ်က ပြောပါတယ်။
ရာဝပ်ကို အိန္ဒိယရဲ့ ပထမတန်း စစ်ဦးစီးအရာရှိချုပ်အဖြစ် ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ၂၀၁၉ နှောင်းပိုင်းမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး ဒီရာထူးဟာ အိန္ဒိယရဲ့ ကြည်း၊ ရေ၊ လေ စစ်တပ်တွေကို ပေါင်းစပ်ဖို့ ရည်ရွယ်ထားပါတယ်။
အိန္ဒိယမှာ အစိုးရထိပ်တန်းဝန်ကြီးတွေဟာ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားတဲ့ အခါ ရုရှားစစ်ရဟတ်ယာဉ် ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပါတယ်။
စစ်ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းသိရအောင် အသေအချာ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားတယ်လို့ လေတပ်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောထားပါတယ်။