close

အိန္ဒိယမြို့ကြီးများ

close

January 7, 2022

လူ ၁၀ သန်းအထက်ရှိသည့် အိန္ဒိယမြို့ကြီးများ၌ တပတ်အတွင်း ကိုဗစ်ကူးစက်မှု ၄ ဆမြင့်တက်

အိန္ဒိယမှာ လူဦးရေ ၁၀ သန်းအထက် မီဂါစီးတီးတွေဖြစ်တဲ့ ဒေလီ၊ မွမ်ဘိုင်း၊ ကိုလ်ကာတာ၊ ချန်နိုင်း၊ ဘန်ဂါလုရူ တို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တပတ်အတွင်း လေးဆမြင့်တက်ပြီး လာမယ့်ရက်ပိုင်းအတွင်း ကျေးလက်ဒေသတွေကို ပျံ့နှံ့မှာ စိုးရိမ်နေကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန‌ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၆ ရက်နေ့ တရက်တည်း ကူးစက်မှု ၉၀၉၂၈ ဦး ရှိပြီး၊ အိုမီခရွန်က ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုကို ကျော်တက်သွားပါတယ်။ ဒါပေမဲ့ ကူးစက်ခံရသူ အများအပြားဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာမပြဘဲ အလျင်အမြန်ပြန်သက်သာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၃၂၉ ဦးရှိပြီး၊ အိုမီခရွန်ကြောင့် ဆီးချိုဝေဒနာရှင် ၁ ဦးသေဆုံးခဲ့ပါတယ်။ 

အိန္ဒိယမှာ  ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၃၅ ဒသမ ၁၁ သန်းထိရှိပြီး သေဆုံးသူ စုစုပေါင်း ၄၈၂၈၇၆ ဦး ရှိပါပြီ။ အမေရိကန်ပြီးရင် ကူးစက်ခံရသူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံပါ။

လတ်တလော မြို့ကြီးတွေမှာ ညမထွက်ရထုတ်ထားသလို စနေနဲ့တနင်္ဂနွေ ပိတ်ရက်တွေမှာလည်း လော့ခ်ဒေါင်းချထားပြီး ကျောင်းတွေလည်း ပိတ်ထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနီးလာတာကြောင့် မကြာခင်ရက်သတ္တပတ်တွေအတွင်း နိုင်ငံရေးမဲဆွဲစည်းရုံးမှုတွေ ပြန်စဖို့ ရှိနေပါတယ်။

1 min Ago
Up