close

အိန္ဒိယ-မြန်မာ

close

July 1, 2021

အိန္ဒိယ-မြန်မာ ကျန်းမာရေးသုတေသနဆိုင်ရာ နားလည်မှုစာချွန်လွှာ အတည်ပြု

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအကြား  ကျန်းမာရေးသုတေသနဆိုင်ရာ နားလည်မှုစာချွန်လွှာကို အိန္ဒိယ ပြည်ထောင်စုဝန်ကြီးအဖွဲ့က ဇွန်လ ၃၀ ရက်မှာ အတည်ပြုလိုက်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့  မြန်မာနိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသန ဦးစီးဌာန  (DMR) နဲ့ အိန္ဒိယ ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ (ICMR) နဲ့တို့အကြားက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုဝန်ကြီးအဖွဲ့က အသိပေးအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ 

နားလည်မှုစာချွန်လွှာရဲ့ အဓိကရည်ရွယ်ချက်တွေမှာ ကူးစက်ရောဂါများ ပပျောက်ရေး၊ အဖြစ်များ လာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေရဲ့ ကွန်ရက်ပလက်ဖောင်း လုပ်ငန်းစဉ်၊ သုတေသနနည်းနာ စီမံခန့်ခွဲမှုမှာ လေ့ကျင့်သင်ကြားခြင်းနဲ့ စွမ်းရည်မြှင့်တင်ခြင်း၊ လက်တွေ့စမ်းသပ်မှုတွေနဲ့ ကျင့်ဝတ်တွေအကြောင်း၊ စည်းမျဉ်းဆိုင်ရာ လုပ်ငန်းယန္တရားရဲ့ သဟဇာတဖြစ်မှုတွေအကြောင်း ပါဝင်ပါတယ်။ 

တရားဝင်ထုတ်ပြန်ချက်အရ သက်ဆိုင်သူတွေအနေနဲ့ အဖွဲ့အစည်းတစ်ခုစီမှ ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးတွဲလုပ်ငန်းအဖွဲ့ (JWP) ကို တည်ထောင်ရမှာဖြစ်ပြီး JWG အစည်းအဝေးကို အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ တလှည့်စီ ကျင်းပရမှာ ဖြစ်ပါတယ်။ 

2 mins Ago

June 12, 2020

အိန္ဒိယ-မြန်မာနယ်စပ်  ရိခေါဒါမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံတကာနယ်စပ်ဝင်ထွက်ပေါက်ရှိတဲ့ ချင်းပြည်နယ်မြောက်ပိုင်း ရိခေါ်ဒါမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ရဲတပ်ဖွဲ့တွေနဲ့အတူ စေတနာ့ဝန်ထမ်းအဖွဲ့တွေ ပူးပေါင်းပြီး လူအဝင်အထွက်တွေ ကြပ်မတ် စောင့်ကြည့်နေပါတယ်။  ရိခေါရ်ဒါမြို့ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေပြီး မီဇိုရမ်မြို့တော် အိုက်ဇောမှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀၀ နီးပါးရှိနေတဲ့အတွက် မီဇိုရမ်ကို လတ်တလောမှာ အိန္ဒိယအစိုးရက လော့ဒေါင်း ပြန်ချထားပါတယ်။ ရိခေါရ်ဒါဒေသခံ မသဲက “ခိုးဝင်တာမျိုး မရှိဖို့ စောင့်ကြတယ်။ နေ့ရော ညရော ကင်းလှည့်တာတွေ့တယ်။ ဒီမှာက နယ်စပ်ဆိုတော့ ချောင်းပဲခြားတာ။ အဲ့ချောင်းကို ကူးပြီး ခိုးဝင်ရင် ကြောက်စရာပဲ။ ခုက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များနေတယ်ဆိုတာ သတင်းတွေ ကြည့်ရင်း တကယ် ရောဂါရှိသူများ ကျော်လာရင် မတွေးရဲစရာပဲ” လို့ ပြောပါတယ်။ နယ်စပ်ကနေ မြန်မာနိုင်ငံဘက်ကို တရားမဝင်ခိုးဝင်လာသူမရှိစေဖို့နဲ့ လက်နက်မှောင်ခို တရားမဝင်ကုန်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုတွေ မဝင်ရောက်ရေးအတွက်ပါ လုံခြုံရေးကို နေ့ညမပြတ် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မြို့ပေါ်မှာတော့  ရဲတပ်ဖွဲ့ဝင်​တွေ၊ ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်လူငယ် စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်။ တားဆီးရေးအတွက် မြို့အဝင်အထွက်နေရာ တွေမှာ လူဝင်ထွက်သွားလာမှု စောင့်ကြည့်စစ်ဆေးတာနဲ့ Facility Quarantine နေရာတွေမှာ လုံခြုံရေးစောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် မြို့ပေါ်ရပ်ကွက်တွေအတွင်း နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းဆိုင်ရာ အသိပညာပေးတာ၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာနဲ့ ရပ်ကွက်အတွင်း လက်ကိုင်စပီကာနဲ့ လှည့်လည်ဆော်သြတာတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ရိခေါရ်ဒါပြန်ဆက်က ထုတ်ပြန်ထားပါတယ်။ မင်းရဲစစ်နိုင်
1 year Ago
Up