close

အိပ်မက်

close

September 16, 2022

၅ ကြိမ်ထိရုံနဲ့ ၅ ဂိုးသွင်းနိုင်ရန် အကြီးမားဆုံးအိပ်မက်ဖြစ်ဟု ဟာလန်းပြော

ဘောလုံးထိချက် ၅ ကြိမ်ရှိရုံနဲ့ ၅ ဂိုးသွင်းယူနိုင်ဖို့က အကြီးမားဆုံးအိပ်မက်ဖြစ်ကြောင်း မန်စီးတီး တိုက်စစ်မှူးဟာလန်းကပြောပါတယ်။

ဟာလန်းဟာ ပွဲစဉ်တချို့မှာ ဘောလုံးထိချက်သိပ်မရှိခဲ့တဲ့ အပေါ်  BeINSportရုပ်သံနဲ့ အင်တာဗျူးမှာ ဟာလန်းက ပြန်လည်ဖြေကြားခဲ့တာပါ။

“လူတွေက ကျနော်ဘောလုံးထိချက်သိပ်မရှိတဲ့အပေါ်မှာ ပြောဆိုတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ကျနော်ဂရုမစိုက်ပါဘူး။ ကျနော့် အိပ်မက်က ဘောလုံး ၅ ကြိမ်ထိပြီး ၅ ဂိုးသွင်းယူနိုင်ဖို့ပါ။ ဒါက ကျနော့်ရဲ့ အကြီးမားဆုံးအိပ်မက်ဖြစ်တယ်”လို့ ဟာလန်းက ပြောပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးနဲ့ ပြိုင်ပွဲစုံ ၁ဝ ပွဲကစားအပြီးမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့ ရေရှည်အထိတွေးမထားဘဲ အနီးဆုံးပွဲစဉ်ကိုပဲ အာရုံစိုက်ကြောင်း ဟာလန်းကပြောသွားပါတယ်။ 

4 mins Ago

September 5, 2020

ထိပ်တန်းအသင်းတွင် ကစားလိုသည့်အိပ်မက် တကယ်ဖြစ်လာဟု ခိုင်ဟာဗက်ဇ် ပြော

ချဲလ်ဆီးအသင်းလို ထိပ်တန်းအသင်းတစ်သင်းမှာ ကစားချင်တဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ ကစာသမားသစ် ခိုင်ဟာဗက်ဇ်က ပြောပါတယ်။  အသက် ၂၁ နှစ်ရှိ ဂျာမနီလက်ရွေးစင် ဟာဗက်ဇ်ဟာ လီဗာကူဆင်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပေါင် ၈၉ သန်းနဲ့ ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့တာပါ။   စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရရှိမယ့်ငွေပမာဏအပါအဝင် ပေါင် ၈၉ သန်း ကုန်ကျခဲ့ပြီး ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးခေါ်ယူမူဖြစ်ခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့လို့ ဂုဏ်ယူမိပြီး ဒီလိုထိပ်တန်အသင်းတစ်သင်းမှာ ကစားချင်တဲ့အိပ်မက်တွေ ဖြစ်လာခဲ့ပြီလို့ ခိုင်ဟာဗက်ဗ်က စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ မစောင့်နိုင်တော့ဘူးလို့ ဟာဗက်ဇ်က ဆိုပါတယ်။  ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာကူဆင်အသင်းအတွက် စုစုပေါင်း ၄၅ ပွဲကစားခဲ့ပြီး ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။  အခုရာသီမှာ ဟာဗက်ဇ်ဟာ ချဲလ်ဆီးအသင်းအတွက် ၆ ယောက်မြောက် ခေါ်ယူမှုဖြစ်ပြီး ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် သန်း ၂၃၀ အထိ ငွေကြေးသုံးစွဲခဲ့တာဖြစ်ပါတယ်။ 
2 years Ago
Up