close

အိပ်ရေးမဝခြင်း

close

December 3, 2021

အိပ်ရေးမဝခြင်းနှင့် ခန္ဓာကိုယ်တွင်း သကြားဓာတ် ထိန်းသိမ်းမှုစွမ်းရည်ကျဆင်းခြင်း ဆက်စပ်နေ

အိပ်ရာဝင်နောက်ကျခြင်းနဲ့ အိပ်ရေးဝဝလင်လင်မရှိခြင်းဟာ နောက်တနေ့မနက်ခင်း ခန္ဓာကိုယ်တွင်း သကြားဓာတ် ထိန်းသိမ်းမှုစွမ်းရည်ကျဆင်းမှုနဲ့ ဆက်စပ်နေကြောင်း သုတေသန ပညာရှင်တွေက ထုတ်ပြန်လိုက်ပါတယ်။

Lund University Diabetes Centre, Malmo, Sweden က သုတေသီတစုဟာ ကျန်းမာရေးကောင်းတဲ့ လူဦီးရေ အယောက် ၁၀၀၀ လောက်ကို အချိန် သီတင်း နှစ်ပတ်ကြာအောင်  လေ့လာဆန်းစစ် တွေ့ရှိရတဲ့ ရလဒ်တွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

တွေ့ရှိချက်တွေအရ အိပ်ရာဝင်စောတာနဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းဟာ ကိုယ်တွင်းသကြားဓာတ် လျော့ကျမှုနဲ့ သကြားဓာတ်ထိန်းညှိခြင်းပိုမိုကောင်းမွန်စေတဲ့အပြင် မနက်စာစားအပြီး ကိုယ်တွင်းသကြားဓာတ်ပါဝင်မှုကို လျော့ချနိုင်တဲ့သူတွေက ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်း အရည်အသွေးကို ရရှိစေတယ်လို့ အဲဒီစစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ 

Ref: 

https://cdn.pixabay.com/photo/2020/03/19/21/33/diabetes-4948861_1280.jpg?fbclid=IwAR1MGiYVwj9FN52dN79MVdb84fMU7ydKJ-J-IzJLTVe2M3wtF__6YUvwuxo
12 hours Ago
Up