စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အရှေ့ဘက် အိမ်ခြေ ၁၉၀ ဝန်းကျင်ခန့်ရှိတဲ့ ငါးပိအိုးကျေးရွာကို စစ်ကောင်စီ တပ်သားတွေက ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီကျော် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့တာကြောင့် ရွာသား ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရွာကို မီးစတင်ရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြာကျသွားခဲ့ပြီး အိမ်မွေး တိရစ္ဆာန်ဖြစ်တဲ့ နွားနဲ့ ဝက်တွေအများအပြား သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၅ ရက် မနက် ၆ နာရီအချိန်ကလည်း ရွှေဘိုမြို့ အနောက်ဘက်ရှိ နှမစားရစ်ကျေးရွာကို စစ်ကောင်စီ တပ်သားတွေရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အခုအချိန်ထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေကို ရုတ်တရက်ဝင်ရောက်ပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့အပြင် ကျေးရွာတွေကို မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံနဲ့အရှေ့ဒဂုံမြို့နယ်တွေက အခြေခံပြည်သူ အိမ်ခြေ ၁၀၀ စာအတွက် ဩဂုတ် ၂၅ ရက်နေ့မွန်းလွဲပိုင်းက ပြည်သူမှပြည်သူ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။
ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဖက်တွေကို လူငယ်တွေက လှူဒါန်းခဲ့ပြီး အခြေခံပြည်သူ အများစုဟာ အလုပ်အကိုင်မရှိ ဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ အလှူရှင်လူငယ်တစ်ယောက်က ပြောပါတယ်။
အလှူရှင် လူငယ်တစ်ယောက်က “အလှူရှင် တခါမှ မလာတော့ ကျနော်တို့သွားလည်းလှူရော အရမ်းဝမ်းသာပြီး မျက်ရည်ပါကျကြတယ်။ အလုပ်က အခုမရှိသေးဘူးတဲ့။ ကြုံရာကျပန်း လုပ်စားနေရတာတဲ့။ တကယ်စိတ်မကောင်းခဲ့ဘူး” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းဂယက်နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံပြည်သူတွေဟာ စားဝတ်နေရေး တဖြည်းဖြည်း ပိုကျပ်တည်းလာတာပါ။ နဂိုဆင်းရဲမွဲတေမှုနဲ့ ကိုဗစ်ဒဏ်တို့အပြင် စစ်အာဏာသိမ်း နောက်ဆက်တွဲဂယက်ကြောင့် လာမယ့် ၆ လအတွင်း အစာခေါင်းပါးငတ်မွတ်တဲ့ဒဏ်ခံရမယ့် မြန်မာပြည်သူ ၃ သန်းကျော်ရှိလာလိမ့်မယ်လို့ ကုလအဖွဲ့အစည်း WFP က ဧပြီ ၂၃ ရက်နေ့မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ငတ်မွတ် ခေါင်းပါးမှုကြုံတွေ့ရမယ့်သူတွေထဲမှာ မြို့နေလူတန်းစားတွေ အများစုဖြစ်ပြီး ဆင်းရဲတဲ့သူတွေ ပိုပြီးအလုပ်အကိုင်မရှိ ဖြစ်လာကြတယ်လို့ WFP က သူတို့ရဲ့စစ်တမ်းတွေကို ကိုးကားပြောဆိုထားပါတယ်။