close

အိမ်စီးကားပေါက်ကွဲ

close

April 22, 2023

ဘားအံ-မြိုင်ကလေးကားလမ်းတွင် အိမ်စီးကားပေါက်ကွဲ၊ ယာဉ်မောင်းသေဆုံး

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဘားအံ-မြိုင်ကလေးလမ်းဆုံအနီး ကားလမ်းမပေါ်မှာ ဧပြီ ၂၂ ရက် မနက် ၁၁ နာရီလောက်က အိမ်စီးကားတစီးပေါ်ကနေ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်ကလေးဘက်ကနေ သံလွင်တံတား (ဘားအံ)ဘက်ကို  မောင်းနှင်လာတဲ့ အိမ်စီးကားပေါ်ကနေ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်ဖြစ်သူဟာ ပေါက်ကွဲမှုကြောင့် နေရာမှာတင် သေဆုံးခဲ့ပါတယ်။

မြိုင်ကလေးဒေသခံတဦးက “ကားပေါ်ကနေ ပေါက်ကွဲမှုဖြစ်တာ။ အသံတော်တော်ကျယ်တယ်။ မြေပါတုန်တယ်။ ကားပေါ်ကလူကတော့ ခေါင်းပြတ်သွားတယ်။ ကားမောင်းသူတယောက်ပဲ ကားပေါ်ပါလာတယ်။ ဘာကြောင့်ပေါက်ကွဲတယ်ဆိုတာတော့ မသိရဘူး။ အနားသွား မကြည့်ရဲဘူး။ တခြားသွားလာနေတဲ့ ယာဉ်တွေအထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေရောက်ရှိလာပြီး ယာဉ်နဲ့ သေဆုံးတူကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို သံလွင်တံတားအဖွဲ့စုံစစ်ဆေးရေးဂိတ်မှာလည်း စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ယာဉ်ပေါ် ဗုံးနဲ့အတူ မောင်းနှင်လာစဉ် ပေါက်ကွဲခဲ့တာဖြစ်ပြီး ယာဉ်ကိုစစ်ဆေးရာမှာ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ ၇ တောင့်၊ ကျည်ကတ် ၁ ခု၊ ရီမု၁ ခု၊ VIVO ဖုန်း ၂ လုံးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားပါတယ်။

6 hours Ago

September 22, 2021

ကျောက်ဆည်မြို့တွင် အိမ်စီးကားပေါက်ကွဲပြီး လူ ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ စက်တင်ဘာ ၂၁ ရက်၊  ညနေပိုင်း ၅ နာရီ ၄၅ မိနစ်လောက်က ဘောလုံးကွင်းရှေ့က ဖြတ်သွားတဲ့ အိမ်စီးကားတစ်စီး ပေါက်ကွဲသွားပြီး  လူနှစ်ဦးသေဆုံးသွားကာ ကျန်တစ်ဦးကတော့  အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက်ကြောင့် အဲ့နားမှာရှိတဲ့ သစ်ပင်လဲပြီး ကားပေါ်ပိတော့ မီးတောက်ပိုကြီးလာရတာ၊ ကားထဲမှာပါတဲ့လူကတော့ နှစ်ယောက်လို့ယူဆရတယ်၊ အဲ့နှစ်ယောက်ကတော့ သေသွားပြီ၊ ဘယ်သူတွေဆိုတာတော့ မသိဘူး။ စစ်သားတွေ လာထုတ်နေတာတော့တွေ့ရတယ်။'' လို့ အခင်းဖြစ်ရာနေရာနားက ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်ဆည် PDF တွေကို မေးကြည့်ရာမှာ သူတို့ လူတွေမဟုတ်သလို သူတို့ ဖောက်ခွဲခဲ့တာလဲ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ 

"ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PDFကတော့ သူတို့လုပ်တာမဟုတ်ဘူးလို့တော့ ကြားထားတယ်ဗျ။ သေသွားတဲ့လူတွေကလည်း ဒလန်မဟုတ်ဘူးလို့ မြို့ကပြောကြတယ်။  ပေါက်ကွဲသံကြားကြားချင်း မြို့တစ်ဝက်လောက်မီးပျက်သွားတယ်။ မိုးကလည်းချက်ချင်းရွာလာတယ်။ ကျနော့်အနေနဲ့ ဒီဖြစ်စဉ်က မတော်တဆပေါက်ကွဲမှုလို့ပဲထင်တယ်ဗျ။ လူသွားလူလာသွားတဲ့ နေရာမျိုးမှာ ဖြစ်သွားတာဆိုတော့ သာမန်လူတွေ အနေနဲ့ တော့ ဒီနောက်ပိုင်း‌တွေ သတိနဲ့နေစေချင်ပါတယ်'' လို့  ကျောက်ဆည်မြို့က လူငယ်တစ်ဦးကလည်း ပြောပါတယ်။

2 years Ago
Up