close

အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ

close

November 15, 2022

အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် ချင်းအမျိုးသမီးဆု ၄ ခုဆွတ်ခူး

အိမ်ထောင်ရှင်အမျိုးသမီးများအလှမယ်ပြိုင်ပွဲ  Mrs Grand International-2022 ကို မန္တလေးမြို့မှာ နိုဝင်ဘာ ၁၄ ရက်ညကကျင်းပ ဆုချီးမြှင့်ပေးအပ်ခဲ့ရာ ချင်းတိုင်းရင်းသူ သမီး ၃ ယောက်ရဲ့မိခင် Sarah Boih က ဆု ၄ ခုဆွတ်ခူးရရှိသွားပါတယ်။

ရန်ကုန်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်သူ Sarah Boih ဆွတ်ခူးရရှိတဲ့ ဆု ၄ ဆုကတော့   Mrs. Grand International Standard Winner ဆု၊  Friendship Award ဆု၊ Popularity Award ဆုနဲ့  Best Talent Award ဆုတို့ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၃၀ က အိမ်ထောင်သည်အမျိုးသမီးအလှမယ်တွေလာ‌ရောက် ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲရဲ့ သရဖူ Winner ဆုကို ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ အိမ်ထောင်ရှင်အလှမယ်တဦးက  ရရှိသွားပါတယ်။

8 mins Ago
Up