close

အိမ်ပြင်ထွက်ခွင့်ကတ်

close

July 9, 2021

မန္တလေးက လမ်းတချို့ သွားလာခွင့်ပိတ်၊ အချို့နေရာများတွင် အိမ်ပြင်ထွက်ခွင့်ကတ်များ စစ်ဆေး

မန္တလေးမြို့မှာ လမ်းတချို့ကို ဖြတ်သန်းသွားလာခွင့်ပိတ်ပြီး နေရာတချို့မှာ အိမ်ပြင်ထွက်ခွင့်ကတ်တွေ စစ်ဆေးတာတွေ ရှိနေပါတယ်။

ဖြတ်သန်းသွားလာခွင့် ပိတ်တာကို မြို့နယ်ခြားနေရာတွေမှာ လုပ်ပြီး အိမ်ပြင်ထွက်ခွင့်ကတ် စစ်ဆေးတာတွေကိုတော့ လူသွားလူလာများတဲ့ နေရာတွေမှာ စစ်ဆေးကြပါတယ်။

ဒီလိုစစ်ဆေးတာတွေရှိနေပေမယ့် အရေးယူတာတွေကိုတော့ မလုပ်ကြသေးဘူးလို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မန္တလေးမှာ ကိုဗစ် ရောဂါ ကူးစပ်ပြန်ပွါးမှုများနေတာကြောင့်  (၇) ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး နဲ့ အမရပူရ တို့ကို ဇူလိုင်လ ၂ ရက်နေ့ကနေစပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ကနေ Stay at Home အဖြစ် ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် စစ်ဆေးချက်အရ တစ်ရက်ကို ပိုးတွေ့နှုန်း အယောက် ၅၀ ကနေ အယောက် ၇၀ ကြားရှိပြီး သေဆုံးသူဟာလည်း ဇူလိုင်လ ၈ ရက်နေ့က ဆိုရင် ၂၀ ကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

3 mins Ago
Up