close

အိမ်မဲမြို့နယ်

close

January 23, 2023

အိမ်မဲမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့  နေအိမ်အလည်လာသူ ၃ ဦးတို့ကို  စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးစောနေမူးကို ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးကို မတွေ့တဲ့အတွက် နေအိမ်ရှိ သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ ရဲက လာဖမ်းတာ။ သူတို့အပြောကတော့ လက်နက်တွေ ဝှက်ထားလို့ဆိုပြီး ပြောတယ်။ အိမ်ကိုလည်း ရှာတယ်။ အုပ်ချုပ်ရေးမှူးက အိမ်မှာ မရှိတာနဲ့ သုံးနှစ်သားကလေးရယ် သူ့မိန်းမရယ် အိမ်အလည်ရောက်နေတဲ့ အမျိုးသမီးသုံးဦးရယ်ကို ဖမ်းသွားတယ်။  အဲဒီညမှာပဲ အုပ်ချုပ်ရေးမှူးကို ရွာသစ်ကြီးကျေးရွာမှာ ဖမ်းမိသွားတယ် "လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောနေမူးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သုံးနှစ်အရွယ် ကလေးငယ်နဲ့ အိမ်အလည်လာတဲ့  အမျိုးသမီးသုံးဦးကို ဇန်နဝါရီ ၂၁ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဇနီးဖြစ်သူ  ဒေါ်အိဖြူကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

13 mins Ago

May 25, 2022

အိမ်မဲမြို့နယ်တွင် ခရီးသည်တင်ကားမှောက်ပြီး ၁၅ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ မေလ ၂၅ ရက် နေ့လယ်ပိုင်းက ခရီးသည်တင်ကားတစီး တိမ်းမှောက်လို့ လိုက်ပါလာသူ ၁၅  ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန် - မြောင်းမြ - အိမ်မဲလမ်းအတိုင်း မောင်းနှင်လာတဲ့ လိုက်ထရပ်ကားဟာ မွန်းတည့် ၁၂ နာရီလောက်မှာ အိမ်မဲရွာသစ်နားမှာ တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မိုးရွာထားတော့ လမ်းက အတော်ချော်နေတာ။ အရှိန်နဲ့ဆိုတော့ စလစ်ဖြစ်သွားတဲ့ပုံစံပါ။ ခုတော့ အားလုံးကို ဆေးရုံကို ပို့ပေးလိုက်ပြီ။ အားမာန်သစ်က လူနာတင်ယာဉ်တွေနဲ့ ပို့ပေးလိုက်တာ တွေ့တယ်”လို့  ဒေသခံတဦးက ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားဟာ ငရုတ်ကောင်းမြို့မှ ကျွန်းကုန်းဘက်ကို လာတဲ့ကားဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့တဲ့သူတွေကို အားမာန်သစ်ပရဟိတအသင်းအဖွဲ့ရဲ့ လူနာတင်ယာဉ်တွေနဲ့ ရွာသစ်ဆေးရုံကို ပို့ဆောင် ပေးခဲ့ပါတယ်။

မေလ ၂၁ ရက်ကလည်း လပွတ္တာကနေ ရန်ကုန်ထွက်ခွာလာတဲ့ ခရီးသည်တင်ကားတိမ်းမှောက်ခဲ့လို့ ခရီးသည် ၅ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

8 months Ago
Up