close

အိမ်မဲ

close

September 4, 2022

အိမ်မဲမြို့နယ် EPC ရုံးတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ စက်တင်ဘာလ ၃ ရက် ညပိုင်းက မြို့နယ် EPC လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့နယ် EPC ရုံးရှေ့မှာ ည ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ အိမ်မဲမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး ပထမဆုံးအကြိမ်ဗုံးပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ည ၉ နာရီလောက်ရှိမယ် ပေါက်တဲ့အချိန်က ကွမ်းဝယ်နေတုန်းအသံကြားလိုက်တာ ပထမတော့ ကုန်ကား ဘီးပေါက်တယ်လို့ထင်တာ။ နောက်မှ လျှပ်စစ်ရုံး ဗုံးပေါက်တယ်ပြောတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ည ၉ နာရီလောက်ဖြစ်ပြီး ရုံးရှေ့မှာပေါက်ကွဲခဲ့တာကြောင့် ဝန်ထမ်းတွေ ထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးခဲ့သလို မနက်ပိုင်းမှာလည်း မြို့ဝင် ထွက်ဂိတ်တွေမှာ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို အိမ်မဲမြို့နယ်မှာလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့မရှိတာကြောင့် စစ်ကောင်စီလက်အောက်ခံရုံးကို တိုက်ခိုက်တာ ဘယ်အဖွဲ့ကဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

3 mins Ago

September 19, 2021

အိမ်မဲမြို့နယ်ရှိ Mytel တာဝါတိုင်များကို စစ်တပ်က လိုက်လံစစ်ဆေး

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ Mytel တာဝါတိုင်တွေကို စစ်ကောင်စီတပ်နဲ့ စစ်တပ်အမာခံ သတင်းပေးတွေပေါင်းပြီး  စက်တင်ဘာ ၁၉ ရက်နေ့က လိုက်လံစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အိမ်မဲမြို့နယ်အတွင်းမှာရှိတဲ့ Mytel တာဝါတိုင်တွေကို စစ်ကောင်စီတပ်က ဗိုလ်မှူးကောင်းမြတ်စံ ဦးဆောင်တဲ့ တပ်သားတွေနဲ့လိုက်လံစစ်ဆေးခဲ့တာဖြစ်ဖြစ်ပြီး Mytel တာဝါတိုင်တွေအပြင် MPT ၊ Telenor ၊ Ooredoo ၊ MEC စတဲ့ တာဝါတိုင်တွေကိုပါ စစ်ဆေးခဲ့တာလို့  လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲအရာရှိ ၁ ဦးကပြောပါတယ်။

အိမ်မဲမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ရက်တည်း တာဝါတိုင်ပေါင်း ၄၁ တိုင်ကို စစ်ဆေးခဲ့တဲ့အပြင် တာဝန်မှအပ မဝင်ရဆိုတဲ့ ဗီနိုင်းစာတွေကို ချိတ်ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာတော့ ဘိုကလေးမြို့နယ်အတွင်းက Mytel တာဝါတိုင် ၁ တိုင်သာ မီးရှို့ဖျက်ဆီးခံရတာ ရှိပြီး  ကျန်တဲ့ မြို့နယ်တွေမှာတော့ ခုထိ မီးရှို့ခံရတာ မရှိသေးပါဘူး။

12 months Ago
Up