close

အိမ်သာ

close

March 21, 2022

ကျောက်တော်မြို့ပေါ်ရှိ ဘောလုံးကွင်း စစ်ရှောင်စခန်းတွင် အိမ်သာလိုအပ်နေ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မြို့သစ်မှန်ကျောင်း(ခ)ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှာ အိမ်သာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

'”လူတွေကအများကြီးပါ။ ဒါပေမယ့် အိမ်သာက ၄ လုံးတည်းရှိပါတယ်။ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိသလိုပါပဲ။ အိမ်သာတွေ အရေးတကြီး လိုအပ်နေပါတယ်”' လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၁၃၀ ကျော်ရှိပေမယ့် အိမ်သာ ၄ လုံးသာရှိတယ်လို့ ဆိုပါတယ်။

“ဒီမှာက အမျိုးသမီးတွေရော၊ ကလေးတွေရော အများကြီးဆိုတော့ အိမ်သာရယ်၊ ရေတွေ လိုအပ်နေပါတယ်။ ရေကတော့ တခါတလေ အလှူရှင်တွေ လာလှူတာရှိတာပေါ။” 

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် စစ်ကောင်စ်ဘက်က စစ်ရေးလှုပ်ရှားတာနဲ့ စစ်ဆေးရေးတာတွေ ပိုမို ပြုလုပ်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကျောက်တော်မြို့ပေါ်ရှိ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း (ဓာတ်ပုံ-MPA)

9 mins Ago

July 31, 2020

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ချိန်ခါလီရွာသားအလောင်း  အိမ်သာတွင်းထဲပြန်တွေ့ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ ရွာသားတစ်ဦးကို တပ်မတော်သားသုံးဦးက သေနတ်နဲ့ပစ်သတ်လို့သေဆုံးသွားခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းကို ၁၉ ရက်ကြာပြီးနောက် ဒီနေ့မနက်က အိမ်သာတွင်းထဲမှာ ပြန်တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဇူလိုင် ၃၁ ရက် ဒီမနက် ၈ နာရီအချိန်မှာ အပုပ်အနံ့ရလာတာကြောင့် လိုက်ရှာကြည့်ရာမှာ ပျောက်ဆုံးနေတဲ့ ဦးထွန်းမောင်စိန် (၆၀) နှစ်ရဲ့ရုပ်အလောင်းကိုအိမ်သာတွင်းထဲမှာ ပုပ်ဆွေးနေတာကို မိသားစုဝင်တွေကတွေ့မြင်ခဲ့တာလို့  မိသားစုဝင်တွေက ပြောပါတယ်။ သေဆုံးသူရဲ့မိသားစုသားတစ်ဦးက “ ပျောက်ဆုံးနေတဲ့အလောင်းကိုရှာတာကြာနေပြီ လုံးဝမတွေ့ဘူး။ ဒီနေ့မှာ အလောင်းကို မိသားစုဝင်တွေကတွေ့တာပါ။ စတွေ့တာက အိမ်သာထဲမှာပါ။ အိမ်သာတွင်းကို နွားတက်နင်းမိလို့ အပေါက်ပေါက်သွားတယ်။ အဲဒီအပေါက်ကအနံ့ထွက်လာတယ်။ အနံ့ထွက်လာလို့ရှာကြည့်တော့အလောင်းကိုတွေ့တာပါ။ အလောင်းက အရိုးစုဖြစ်နေပြီ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၁၃ ရက်က ချိန်ခါလီကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်  ၁၂ နာရီအချိန်လောက်မှာ တပ်မတော်သား ၃ ဦးက အိမ်အတွင်းကိုဝင်ကာ ဦးထွန်းမောင်စိန် (၆၀)နှစ်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။ သေဆုံးသူရဲ့ဇနီးဒေါ်ဦးတင်ညွန့်က ”ခင်ဗျားအသက်ဘယ်ရှိပြီးလဲလို့မေးတယ် စစ်သားက၊ အသက် ၆၀ ရှိပြီလို့ ဖြေလိုက်တဲ့အချိန်မှာ ဒိုင်းဆိုပြီးသေနတ်နဲ့ပစ်သတ် လိုက်တယ်။ ကျမရှေ့က ယောကျာ်းကိုပစ်သတ်လိုက်တာ။ ကျမဘယ်လို လုပ်ခံစားနိုင်မလဲ။ အဲ့ဒီအချိန်မှာ ကျမယောကျာ်းက သေသွားပြီ။  ဘယ်လိုလုပ်ကြတော့မလဲ။  ရွာမှာလဲလူတွေ တစ်ယောက်မှမရှိတော့ဘူး။ ယောကျာ်းကို ပစ်သတ်လိုက်ပြီးတဲ့အချိန်မှာ အပြင်ကို ဆွဲထုတ်သွားတယ်။ အိတ်ကြီးတစ်လုံးမှာ ဖိပြီးတော့ သေနေတဲ့ ကျမယောကျာ်းကိုထည့်လိုက် တယ်။ ကျမလည်းကြောက်ပြီးတော့ ဘာမှမပြောရဲတော့ဘူး။ ပြန်သွားတဲ့အချိန်စစ်သားတွေက အဘွား ခင်ဗျားကို ညနေလာသတ်မယ်လို့ပြောသွားတယ်။” လို့ ပြောပါတယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေကတော့ ” ဒီလို ဥပဒေမဲ့ သတ်ဖြတ်တာကတော့ မကောင်းဘူး။ အပြစ်ရှိရင်တောင် ဥပဒေဘောင်ထဲက ဆောင်ရွက်သင့်ပါတယ်။ အခုက သေသွားတာတောင်မိသားစုတွေကအလောင်းကိုရှာမတွေ့ဘူး။ သူတို့ဘယ်မှာ ပစ်ထားခဲ့တယ်ဆိုတာကိုပေါ့။ ခန္ဓာကိုယ်တွေ ဆွေးမြည့်ပြီးခါမှ သွားတွေ့တယ်။ နောက်ဆုံးသင်္ဂြိုဟ်ခွင့်တောင်မရရှာလိုက်ဘူး။” လို့ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့  တပ်မတော်စစ်ကြောင်းက ဝင်ပစ်စရာအကြောင်းမရှိသလို အဲ့ဒီချိန်ခါလီကျေးရွာမှာ အရပ်သားတွေက သေဆုံးတယ် ဆိုတာကလည်းမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။
2 years Ago
Up