close

အိုင်တီလုပ်ငန်း

close

June 21, 2021

ကိုဗစ်ကပ်ကာလအတွင်း အိန္ဒိယ အိုင်တီလုပ်ငန်းများ တိုးတက်နေ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးအတွင်း အိမ်ကနေ အလုပ်လုပ်ရင်း အိန္ဒိယနိုင်ငံက သတင်းအချက်အလက်နည်းပညာ အိုင်တီလုပ်ငန်းဟာ မှန်မှန်ကြီး တိုးတက်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

အိုင်တီလောက ကုမ္ပဏီအများအပြားက သူတို့ လုပ်ငန်းတွေ ချောချောမွေ့မွေ့ လည်ပတ်နိုင်ရေး အဝေးကနေ အလုပ်လုပ်ဖို့ အပြောင်းအလဲကို ကြေညာခဲ့အပြီး ပြန်ရငွေရော ဝန်ထမ်းဦးရေပါ တိုးလာတာကို မျက်မြင်တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူပြည်နယ်ရဲ့ မြို့တော် ချန်နိုင်းဟာ အိုင်တီလုပ်ငန်းအတွက် ကုမ္ပဏီအများအပြား ရုံးစိုက်ရာ အရေးပါတဲ့ အချက်အချာ နေရာပါ။ အိမ်ကနေ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ ပိုတိုးလာနေတဲ့ အမှာစာတွေအတွက် မကြာခဏ အချိန်ပို အလုပ်ဆင်းနေရပါတယ်။

ဆော့ဝဲလ်အင်ဂျင်နီယာ ဆန်းဒါးဟာ စီမံကိန်း အချိန်မီပြီးစီးဖို့ တရက်ကို ၁၂ နာရီလောက် အလုပ်လုပ်နေရတယ်လို့ ပြောပါတယ်။

နောက် အင်ဂျင်နီယာ တစ်ယောက်ကလည်း အချိန်ပို အလုပ်လုပ်ရတာဟာ မနှစ်က တစ်နှစ်လုံး ပုံမှန်လို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀မှာ အိန္ဒိယ အိုင်တီ လုပ်ငန်း ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၁၉၄ ဘီလီယံ ရခဲ့သလို ဝန်ထမ်း ၁၃၈,၀၀၀ ထိ အလုပ်အကိုင် ရခဲ့တယ်လို့ အမျိုးသား ဆော့ဖ်ဝဲလ်နဲ့ ဝန်ဆောင်မှု ကုမ္ပဏီများအသင်း NASSCOM က ဆိုပါတယ်။

အိုင်တီလုပ်ငန်းဟာ အိန္ဒိယ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၈ ရာခိုင်နှုန်းနဲ့ တနိုင်ငံလုံးက ဝန်ဆောင်မှု တင်ပို့ကုန် စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းကို ထည့်ဝင်ထားတယ်လို့ NASSCOM က ပြောခဲ့ပါတယ်။

8 mins Ago
Up