close

အိုင်အိုဝါပြည်နယ်

close

October 10, 2021

အိုင်အိုဝါပြည်နယ်သို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် သွားရောက်

အမေရိကန် သမ္မတလောင်း ကိုယ်စားလှယ်တွေကို နာမည်စာရင်းတင်သွင်းတဲ့လုပ်ငန်းစဉ် စတင် လက်ခံရာ အစဉ်အလာပြည်နယ်ဖြစ်တဲ့ အိုင်အိုဝါပြည်နယ်ကို သမ္မတဟောင်း ဒေါ်နယ်ထရမ့် အောက်တိုဘာ ၉ ရက်က သွားရောက်ခဲ့ပါတယ်။

ဒေမွမ့်မြို့မှာ ကျင်းပတဲ့ အကြီးစားညနေခင်းချီတက်ပွဲအတွင်း ထရမ့်က သမ္မတဘိုင်ဒန်ရဲ့ အခြေခံ အဆောက်အအုံနဲ့ လူမှုအသုံးစရိတ် ဥပဒေမူကြမ်းကို ခွင့်ပြုပေးလိုက်တဲ့ ဒီမိုကရက်ပါတီဝင်တွေရဲ့ လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဒါဟာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲအပြီး ရီပတ်ဗလစ်ကင်ပါတီဝင်တွေ အိုင်အိုဝါကို ပထမဆုံး လာခဲ့တာပဲလို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ထရမ့်ဟာ ၂၀၂၄ မှာ သမ္မတရာထူးအတွက် ပြန်ဝင်ပြိုင်ဖို့ စကားရိပ်သမ်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ သူနိုင်တာ ဆိုတဲ့ အလိမ်အညာစကားကို ထပ်ပြောခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ရီပတ်ဗလစ်ကင်ပါတီဝင် တခြား သမ္မတလောင်းကိုယ်စားလှယ်တွေက ထရမ့်နဲ့ ပြိုင်ရမလား ဆိုတာ ဆုံးဖြတ်ဖို့ ကြိုးစားနေရတာပါ။

ထရမ့်ရဲ့ နောက်တချီ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် လုပ်ရပ်ဟာ ရီပတ်ဗလစ်ကင် ပါတီအတွက် ၂၀၂၄ ရွေးကောက်ပွဲအတွင်း အရေးမသာမယ့် အခြေအနေကို ဖြစ်ထွန်းစေနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

စနေည ချီတက်ပွဲမှာတော့ ထရမ့်ဟာ အိုင်အိုဝါပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် ချပ်ခ် ဂရက်စ်လေ ပြန်ရွေးကောက်ခံရရေး မဲဆွယ်ပေးခဲ့ပါတယ်။

သူဟာ ၂၀၂၂ အမေရိကန် လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲမှာ ၈ ကြိမ်မြောက် ရွေးကောက်ခံဖို့ ကြိုးစားနေပါတယ်။

3 mins Ago
Up