close

အိုဆင်ဟန်

close

February 22, 2023

အပြောင်းအရွှေ့ကိစ္စ နာပိုလီအသင်းအပေါ် မူတည်ကြောင်း အိုဆင်ဟန် ပြော

အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နာပိုလီအသင်းအပေါ်မှာပဲ မူတည်ကြောင်း တိုက်စစ်မှူး အိုဆင်ဟန်က ပြောသွားပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ အခုနှစ်ရာသီပွဲစဉ် ၂၃ ပွဲ ကစားအပြီးမှာ ၁၉ ဂိုးအထိ သွင်းယူထားပြီး ထိပ်တန်းအသင်းတွေက အပြိုင်အဆိုင် ခေါ်ယူလိုနေတာပါ။

အိုဆင်ဟန်ကတော့ အနာဂတ်နဲ့ပတ်သက်ပြီး ရာသီကုန်ဆုံးချိန်မှာ သိရနိုင်ကြောင်း၊ လက်ရှိအချိန်မှာ အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ကလပ်အသင်းကပဲ အပြောင်းအရွှေ့ အပေါ် ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

ထိပ်တန်းအသင်းတွေက စိတ်ဝင်စားမှုခံရတာက အခုထက်ပိုကောင်းအောင် ကြိုးစားဖို့ စိတ်ခွန်အားရရှိကြောင်းလည်း အိုဆင်ဟန်က ပြောသွားပါတယ်။

အိုဆင်ဟန်ကိုခေါ်ယူဖို့ မန်ယူအသင်းကလည်း စိတ်ဝင်စားနေပြီး နာပိုလီအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

16 mins Ago
Up