close

အိုဇေးလ်း

close

July 22, 2021

လူမျိုးရေးခွဲခြားခံရမှုအတွက် စိတ်ဓာတ်မကျရန် ဆာကာကို အိုဇေးလ်တိုက်တွန်း

လူမျိုးရေးခွဲခြားခံရမှုတွေနဲ့ ပတ်သက်လို့ စိတ်ဓာတ်မကျဖို့ အသင်းဖော်ဟောင်း ဆာကာကို အိုဇေးလ်က တိုက်တွန်းပါတယ်။

အာဆင်နယ်လူငယ်ကစားသမား ဆာကာဟာ ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ  နောက်ဆုံးအဆုံးအဖြတ်ပင်နယ်တီ မဝင်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ 

ပင်နယ်တီလွဲချော်တဲ့ ခံစားချက်ကို သိရှိနားလည်သလို လူမျိုးရေးခွဲခြားခံရမှုအတွက်လည်း စိတ်ဓာတ်မကျဖို့ ဆာကာကို အာဆင်နယ်ကစားသမား ဟောင်းအိုဇေးလ်က ပြောပါတယ်။  

“ဗိုလ်လုပွဲတစ်ပွဲမှာ နောက်ဆုံးပင်နယ်တီကို ကန်သွင်းဖို့အတွက် ငယ်ရွယ်တဲ့ ကစားသမားတစ်ယောက် တာဝန်ယူခဲ့တာက လေးစားစရာပါ။ ဒီလို တာဝန်ယူမှုအပြည့်နဲ့ ပင်နယ်တီကန်သွင်းရဲတဲ့ ကစားသမားက များများစားစားမရှိပါဘူး။ ရှုံးနိမ့်တဲ့အချိန်မှာ အသားအရောင်နဲ့ နောက်ခံအကြောင်းအရာတွေကို လူတွေက တလွဲသုံးပြီး လူမျိုးရေးခွဲခြားတော့တာပါပဲ။” 

အိုဇေးလ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်း မပြနိုင်ခဲ့တာကြောင့် သူ့ရဲ့ တူရကီလူမျိုး ကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုတွေ ခံခဲ့ရဖူးသူဖြစ်ပါတယ်။ 

2 mins Ago
Up