close

အိုဒက်ဆာမြို့

close

April 4, 2022

အိုဒက်ဆာမြို့ရှိ ရေနံချက်စက်ရုံနှင့် သိုလှောင်ကန်များကို ရုရှား တိုက်ခိုက်

ယူကရိန်းတောင်ဘက် အိုဒက်ဆာဆိပ်ကမ်းမြို့ရှိ ရေနံချက်စက်ရုံ ၁ ရုံနဲ့ သိုလှောင်ရုံ ၃ ခုကို ဧပြီ ၃ ရက်က  ရုရှားတို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ 

အိုဒက်ဆာမြို့ဟာ မာရီယူပိုးလ်မြို့နဲ့ မိုက်ကိုလိုက်မြို့တို့လိုပဲ Black Sea ပေါ်မှာ ရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပြီး ယူကရိန်းရေတပ် အဓိကအခြေစိုက်တဲ့ နေရာပါ။ 

အဓိကအရေးကြီးနေရာကို ရုရှားက ဒုံးကျည်အတော်များများ ပစ်ခဲ့တာဖြစ်ပြီး  ရေနံသိုလှောင်ရုံတွေ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတွေက အတော့်ကို ထိတ်လန့်နေကြတယ်လို့  အိုဒက်ဆာမြို့ကောင်စီကတော့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းတပ်တွေကို အဓိက ထောက်ပံ့ပေးနေတဲ့ ရေနံသိုလှောင်ရုံ ၃ ရုံနဲ့ ရေနံချက်ရုံ ၁ ရုံကို ဖျက်ဆီးခဲ့တယ်လို့ အတည်ပြုပါတယ်။ 

အိုဒက်ဆာဟာ ရုရှားတို့ အဓိက အာရုံကျနေတဲ့ နေရာပါ။ အဲဒီမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ရုရှားတပ်တွေဟာ မော်လ်ဒိုဗာပြည်နယ်ရဲ့ ရုရှားစကားပြော ခွဲထွက်မြို့ ထရန်နီးယက်စထရာမြို့ကို ချိတ်ဆက်ဖို့ စင်္ကြံလမ်းရသွားမှာပါ။

6 mins Ago

March 25, 2022

ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့သားများအတွက် အားပေးသည့် ဗွီဒီယို ဘွန်ဂျိုဗီ ထုတ်လွှင့်

၁၉၈၀ ကျော် ကာလတွေက နာမည်ကြီးခဲ့တဲ့ အမေရိကန် Rock အဆိုတော် ဘွန်ဂျိုဗီက ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့က ပြည်သူလူထုတွေကို ဝိုင်းရံအားပေးတဲ့အနေနဲ့ It’s my life သီချင်း ပါဝင်တဲ့ ဗွီဒီယိုတခုကို သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ယုံကြည်ချက် ခိုင်မာသူတွေအတွက်ပဲလို့ သီချင်းစာသားထဲက စကားတခွန်းကိုလည်း ရေးသားထားပါတယ်။

အဲဒီဗွီဒီယိုထဲမှာ It’s my life ဆိုတဲ့ Rock သီချင်းကို သီဆိုရင်း ရုရှားကျူးကျော်မှုကို ခုခံစစ်အတွက် အိုဒက်ဆာမြို့သားတွေ သဲအိတ်တွေ ဝိုင်းဝန်းသယ်ဆောင်နေပုံ၊ ဘန်ကာတွေ ပြင်ဆင်နေကြပုံတွေ ပါဝင်ပြီး ယူကရိန်း လူမူကွန်ရက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

Photo - Screenshot from Twitter Video

It’s my life ငါ့ဘဝလို့ အမည်ရတဲ့သီချင်းဟာ ရဲရဲရင်ဆိုင်ဖို့၊ ယုံကြည်ချက်ခိုင်မာဖို့၊ ကြိုးစားရင်ဆိုင် ရုန်းကန်ကြဖို့၊ ဆန့်ကျင်ဘက်တွေကို ရဲရဲရင်ဆိုင်ကြဖို့ စိတ်ဓာတ်ခွန်အားပေးတဲ့ ခပ်ကြမ်းကြမ်း Rock သီချင်းတပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းဟာ အသည်းကွဲနေသူတွေအတွက် မဟုတ်ဘူး၊ ယုံကြည်ချက် ပျောက်ဆုံးပြီး တိတ်တဆိတ် ဆုတောင်းနေသူတွေအတွက် မဟုတ်ဘူး၊ မနက်ဖြန်ဟာ ပိုပြီး ကြမ်းတမ်းလာမယ်၊ အမှားမလုပ်မိစေနဲ့၊ ကြံကြံခံရင်ဆိုင် မယိုင်လဲစေနဲ့ စတဲ့ စိတ်ခွန်အားဖြည့် စကားလုံးတွေနဲ့ ဖွဲ့စည်းထားပါတယ်။

အိုဒက်ဆာမြို့သားတွေက Rock အဆိုတော် ဘွန်ဂျိုဗီကို ကျေးဇူးတင်တဲ့ ဗွီဒီယိုမက်ဆေ့ချ် တခုလည်း ယူကရိန်း အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။

ယူကရိန်းရဲ့ တတိယအကြီးဆုံးမြို့ အိုဒက်ဆာဟာ နိုင်ငံရဲ့တောင်ဘက်ခြမ်း ပင်လယ်နက်ကမ်းခြေ ဆိပ်ကမ်းမြို့ဖြစ်ပြီး တောင်ဘက်ပိုင်း ခရိုင်းမီးယားဘက်က ထိုးစစ်ဆင်လာတဲ့ ရုရှားစစ်တပ်ရဲ့ ပစ်မှတ်တခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

1 week Ago
Up