close

အိုနာနာ

close

March 23, 2022

ကင်မရွန်းလက်ရွေးစင် ဂိုးသမား ယာဉ်တိုက်မှုဖြစ်

အေဂျက်စ်အသင်းနဲ့ ကင်မရွန်းလက်ရွေးစင် ဂိုးသမား အိုနာနာဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ကင်မရွန်းနိုင်ငံကို ပြန်လည်ရောက်ရှိချိန် ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။
အိုနာနာဟာ ကင်မရွန်းနိုင်ငံမြို့တော် ရောအန်န်ဒေးမှာ ယာဉ်မတော်တဆမှု ကြုံတွေ့ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အသက်၂၅ နှစ်အရွယ် အိုနာနာဟာ ကင်မရွန်းလက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပွဲ ၂၅ ပွဲ ကစားပေးထားတဲ့ အခုရာသီကုန်မှာ အေဂျက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ကာ သူ့ကို ခေါ်ယူဖို့အတွက် အင်တာမီလန်၊ အာဆင်နယ်နဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကင်မရွန်းအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား အာဖရိကဇုန်ခြေစစ်ပွဲ တတိယအဆင့် ပွဲစဉ်အဖြစ် အယ်လ်ဂျီရီးယားအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အိုနာနာအနေနဲ့ ဒီပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

7 mins Ago

June 30, 2020

ကစားသမား ၃ ဦး ရောင်းချမည်ဟု အေဂျက်ဇ်နည်းပြ ပြော

အေဂျက်ဇ်ကစားသမား ၃ ဦးကို မှန်ကန်တဲ့ ဈေးနှုန်းရရှိရင် ရောင်းချသွားဖို့ရှိတယ်လို့ အသင်းနည်းပြ တမ်ဟက်ချ်က ဝန်ခံလိုက်ပါတယ်။  ကွင်းလယ်လူ ဗန်ဒါဘိခ်၊ ဂိုးသမား အိုနာနာနဲ့ နောက်ခံလူ တက်ဂ်လီယာဖီကိုတို့ ဖြစ်ပြီး ကစားသမားတွေနဲ့လည်း သဘောတူညီမှုတခု ရရှိထားတယ်လို့ သိရပါတယ်။  ဟော်လန်ကွင်းလယ်လူ ဗန်ဒါဘိခ်ကို ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အသင်းစီအီးအို ဗန်ဒါးဆာက အတည်ပြုထားပါတယ်။  ကင်မရွန်းဂိုးသမား အိုနာနာကိုလည်း ချဲလ်ဆီးအသင်းကခေါ်ယူလိုနေတာပါ။ အာဂျင်တီးနား ဘယ်နောက်ခံလူ နီကိုလပ် တက်ဂ်လီယာဖီကို ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  အဲဒီ ကစားသမား ၃ ဦးဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်အလိုက် တခြားလိဂ်မှာ ပြောင်းရွှေ့ကစားလိုကြတယ်လို့ အေဂျက်ဇ်နည်းပြက ပြောပါတယ်။  အေဂျက်ဇ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဖရန့်ကီဒီယွန်း၊ ဒီလစ်တို့ကို ရောင်းချခဲ့ပါတယ်။ အခုနှစ်မှာလည်း တိုက်စစ်မှူး ဇီယက်ချ်ကို ချဲလ်ဆီးအသင်းဆီ ရောင်းချထားပြီး ဖြစ်ပါတယ်။
2 years Ago
Up