ဂျာမန်လွှတ်တော်အမတ်တွေဟာ ဆိုရှယ်ဒီမိုကရက်ပါတီက အိုလာ့ဖ် ရှို့ဇ်ကို ဂျာမန်အဓိပတိ အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
ဒါကြောင့် အဓိပတိဟောင်း အိန်ဂျလာ မာကယ် လက်အောက်မှာ ကွန်ဆာဗေးတစ်ပါတီရဲ့ အုပ်ချုပ်မှု ၁၆ နှစ်တာကာလ အဆုံးသတ်သွားခဲ့ပါတယ်။
ဥရောပညွန့်ပေါင်းဖြစ်ရေး လိုလားတဲ့ အစိုးရတရပ် ဖြစ်လာဖို့ လမ်းပွင့်သွားတာပါ။ အစိုးရအဖွဲ့သစ် ကတော့ သဘာဝ ပတ်ဝန်းကျင်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားဖို့ ကတိပြု ထားပါတယ်။