close

အိုလံပစ်ရွာ

close

August 7, 2021

ဘီလာရုစ်အားကစားအဖွဲ့တာဝန်ရှိသူ ၂ ဦး အိုလံပစ်ရွာမှ မောင်းထုတ်ခံရ

ဘီလာရုစ် အိုလံပစ်အားကစားမယ် ခရစ်စီနာ စီမာနောင်စကာယာကို တိုကျိုအိုလံပစ်ပွဲကနေ အိမ်ပြန်ပို့ဖို့ ကြိုးစားခဲ့တဲ့ ဘီလာရုစ်အိုလံပစ်အဖွဲ့က အရာရှိ ၂ယောက်ကို အိုလံပစ်ပွဲကနေ ဖယ်ရှားခဲ့အပြီး သြဂုတ် ၆ ရက်မှာ သူတို့ဟာ ဂျပန်မြို့တော်က ဟာနဲဒါလေဆိပ်ကို ရောက်လာ ပါတယ်။

အားကစားနည်းပြ အကြီးအကဲ ယူရိမွိုင်စေဗစ်ချ်နဲ့ အဖွဲ့အရာရှိ အာတာ ရှုမတ်ခ်တို့ဟာ အားကစားမယ်ကို အထုပ်အပိုးပြင်ပြီး လေဆိပ်ကို သွားဖို့ အမိန့်ထုတ်အပြီး ရက်ပိုင်းအတွင်း အိုလံပစ်ရွာကနေ မောင်းထုတ် ခံခဲ့ရပါတယ်။

ဘီလာရုစ် အိုလံပစ်ကော်မတီကတော့ ဒီဆုံးဖြတ်ချက်ကို မေတ္တာရပ်ခံပြီး နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ဆက်လက်ဆွေးနွေးဖို့ မျှော်လင့်တယ်လို့  မနေ့က ကြေညာချက် ထုတ်ပြန် ပြော ပါတယ်။

ဘီလာရုစ် အားကစားမယ်ကို အိမ်ပြန်ပို့ဖို့ အမိန့်ဟာ ဘီလာရုစ်နိုင်ငံအတွင်း အထက်အမိန့် အရလို့ အရာရှိ ၂ ယောက်က သူ့ကို ပြောခဲ့တဲ့အကြောင်း စီမာနောင်စကာယာက ပိုလန်နိုင်ငံ ဝါဆောမြို့က လူတွေ့ မေးမြန်းခန်းအတွင်း သြဂုတ် ၅ ရက်မှာ ပြောခဲ့ပါတယ်။

အားကစားမယ်ဟာ အိမ်ပြန်မယ့် လေယာဉ်ပေါ် တက်ဖို့ သြဂုတ်  ၁ ရက်မှာ ငြင်းဆန်ခဲ့ပြီး ဂျပန်ရဲတပ်ဖွဲ့ဆီမှာ အကာအကွယ် တောင်းခံခဲ့တာပါ။ အဲဒီနောက် ပိုလန်နိုင်ငံမှာ ခိုလှုံခွင့် ရခဲ့ပြီး ဩဂုတ် ၅ ရက်နေ့မှာတော့ သူ့ခင်ပွန်းနဲ့ ပြန်ဆုံ ဆည်းခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အားကစားမယ်ရဲ့ အမှုဟာ မနှစ်က အတိုက်အခံတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့ အနောက်နိုင်ငံတွေက ဒဏ်ခတ်တာ ခံထားရတဲ့ ဘီလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုကို ပိုပြီး ကြဉ်ပယ်ထားဖို့ ခြိမ်းခြောက်နိုင်ပြီး သမ္မတ လူကာရှန်ကိုရဲ့ သားဟာ ဘီလာရုစ် အိုလံပစ်ကော်မတီရဲ့ အကြီးအကဲ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

12 hours Ago
Up