close

အိုလံပစ်အားကစားသမား

close

May 5, 2022

သမ္မတ ဂျိုးဘိုင်ဒင် နိုင်ငံကိုယ်စားပြု အိုလံပစ်အားကစားသမားများနှင့် တွေ့ဆုံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေ ၄ ရက်က အိမ်ဖြူတော်မှာ နိုင်ငံကိုယ်စားပြု အိုလံပစ် အားကစားသမားတွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒီထဲမှာ ၂၀၂၀ တိုကျို နွေရာသီအိုလံပစ်နဲ့ ၂၀၂၂ ဘေဂျင်း ဆောင်းရာသီအိုလံပစ် အားကစားသမားတွေလည်း ပါဝင်ပါတယ်။ ဒီအားကစားသမားတွေကြောင့် တနိုင်ငံလုံး စိတ်အားတက်ကြွခဲ့ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ချီးကျူးစကား ဆိုပါတယ်။

နိုင်ငံကိုယ်စားပြု အားကစားသမားတွေဟာ စိတ်ဝမ်းကွဲနေတဲ့ နိုင်ငံကို စည်းလုံးညီညွတ်မှု ရစေတယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့နိုင်ငံဟာ အတွေးအခေါ်မတူဘဲ စိတ်ဝမ်းကွဲနေကြတယ်။ ဒါပေမဲ့ ဒီအားကစားသမားတွေက အားလုံးကို ညီညွတ်စေခဲ့တယ်။ ဘယ်အုပ်စုကလူပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက အားကစားသမားတွေ ယှဉ်ပြိုင်နေတာကို မြင့်တဲ့အချိန်မှာ ယူအက်စ်အေဆိုတဲ့ စာလုံးသုံးလုံးကိုပဲ မြင်ပြီး ဂုဏ်ယူစိတ်တွေ ပေါ်ပေါက်လာစေတယ်" လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားတာပါ။

အိုလံပစ် အားကစားသမားတွေကိုယ်စား ရေခဲပြင်လျှောစီးချန်ပီယံ အီလန်နာ မေယာ တေလာက ကျေးဇူးတင်စကား ပြောကြားပါတယ်။

တိုကျိုအိုလံပစ်တုန်းက ကိုဗစ်ကြောင့် အခက်အခဲတွေ အများကြီး ရှိခဲ့ပေမဲ့ အားကစားသမားတွေဟာ နိုင်ငံကို ဂုဏ်တက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။

ဒီအခမ်းအနားမှာ သမ္မတနဲ့အတူ သမ္မတကတော် ဒေါက်တာ ဂျေး ဘိုင်ဒင်၊ ဒုတိယသမ္မတ ကင်မလာ ဟားရစ်တို့ စုံတွဲလည်း တက်ရောက်ကြပါတယ်။

2 hours Ago
Up