close

အိုဟိုင်းဟို

close

July 4, 2022

အိုဟိုင်းဟိုတွင် လူမည်းအမျိုးသား ၁ ဦး ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ရှင်းလင်း

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းဟိုပြည်နယ်၊ အက်ခ်ရွန်မြို့မှာ လက်နက်မဲ့ အမျိုးသားတယောက် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတဲ့အမှုနဲ့ပတ်သက်လို ရဲတပ်ဖွဲ့က ဇူလိုင် ၃ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အရင်တပတ်က မီးပွိုင့်တခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲအဖွဲ့က ထုတ်ပြတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ သေဆုံးသွားတဲ့ အမျိုးသားရဲ့ ကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာ အချက် ၈၀ ဝန်းကျင် တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဗီဒီယိုတွေထဲမှာ အသက် ၂၅ နှစ်အရွယ် ဂျေလန်ဝေါ့ကာ မောင်းနေတဲ့ ကားကနေ သေနတ်ကျည်တချက် ပစ်လိုက်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

သူဟာ မီးပွိုင့်မှာ ယာဉ်စည်းကမ်းချိုးဖောက်လို့ ရဲက ဖမ်းဖို့ ကြိုးစားတဲ့အချိန်မှာ ကားမောင်း ပြေးသွားခဲ့တာပါ။ 

မိနစ်အတန်ကြားအောင် ရဲက ဝေါ့ကာရဲ့ နောက်ကနေ လိုက်ခဲ့ပြီး နောက်ဆုံးမှာ ဝေါ့ကာကနေ ခုန်ဆင်းပြီး ရဲလက်ကနေ လွတ်အောင် ထွက်ပြေးသွားပုံကို ဗီဒီယိုမှတ်တမ်းမှာတွေ့ရပါတယ်။

အဲဒီအချိန်မှာ ဝေါ့ကာရဲ့ လက်ထဲမှာ ဘာလက်နက်မှာ မပါခဲ့ပါဘူး။ သူ့ သေနတ်ကို နောက်တော့မှ သူ့ ကားပေါ်မှာ ရဲက ရှာတွေ့ခဲ့ရပါတယ်။

ဝေါ့ကာကို သေနတ်နဲ့ ဘယ်နှချက် ပစ်ခဲ့သလိုဆိုတာ အတိအကျ မသိရပေမယ့် ရဲတွေရဲ့ ကိုယ်ပေါ်မှာတပ်ဆင်ထားတဲ့ ကင်မရာမှတ်တမ်းတွေအရ ရဲတွေကလည်း ဝေါ့ကာကို သေနတ် အချက် တော်တော်များများ ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ လောလောဆယ်မှာ ဆေးအဖွဲ့ ဒဏ်ရာတွေကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အခု အဖြစ်အပျက်ဟာ အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသားတွေ၊ အမျိုးသမီးတွေကို ရဲအဖွဲ့က သေနတ်နဲ့ပစ်တဲ့ အဖြစ်အပျက်တွေထဲက နောက်တိုး အမှုတခု ဖြစ်လာပါတယ်။

ဒီလို အဖြစ်အပျက်မျိုးဟာ လူမျိုးရေးခွဲခြားတဲ့ သဘောဆောင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ 

၂၀၂၀ ပြည့်နှစ်က  ဂျော့ဖလိုင်းဒ်ဆိုတဲ့ လူမည်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် သေဆုံးမှုနဲ့ပတ်သက်လို့  ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။

အခုအမှုနဲ့ပတ်သက်လို့လည်း အက်ခ်ရွန် မြို့တော်ခန်းမရှေ့မှာ  ဇူလိုင် ၃ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြခဲ့ကြပြီး၊ သေနတ်ပစ်ခတ်မှုမှာပါဝင်တဲ့ ရဲ ၆ ယောက်ကို ခွင့်ပေးထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

2 mins Ago
Up