close

အိုးတော်ရပ်

close

August 8, 2021

မန္တလေးတွင် အောက်ဆီဂျင်တိုင်းကိရိယာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်း၊ ၂၈ လမ်း နှင့် ၂၉ လမ်းကြားမှာ သြဂုတ် ၈ ရက် မနက်ပိုင်းက အောက်ဆီဂျင်တိုင်းကိရိယာ တစ်ခုကို ၆၀၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ 

အိုးတော်ရပ်မှာ အစ္စလာမ်ဘာသာဝင်များက ရောင်းချပေးနေတာဖြစ်ပြီး အောက်ဆီဂျင်တိုင်း ကိရိယာတစ်ခုကို ၆၀၀၀ ကျပ်၊ ဓာတ်ခဲ လေးလုံးကို ကျပ် ၅၀၀ နဲ့ ရောင်းချပေးနေတာပါ။ 

ကိုဗစ်တတိယလှိုင်းကာလမှာ အောက်ဆီဂျင်တိုင်းကိရိယာတွေဟာ မိသားစုကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်လာပြီး အမှန်တကယ် လိုအပ်နေသူတွေ ဈေးနှုန်းသက်သာစွာနဲ့ ရရှိနိုင်ဖို့ အခုလို ရောင်းချပေးတာဖြစ်ပါတယ်။

အဲဒီအောက်ဆီဂျင်တိုင်းကိရိယာတွေဟာ ဈေးကွက်အတွင်း ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြား ဈေးနှုန်းရှိပါတယ်။

ကိုဗစ်တတိယလှိုင်း စတင်ချိန်က အောက်ဆီဂျင်တိုင်းကိရိယာတွေ ဆိုင်တွေမှာ ဝယ်ယူလို့မရအောင် ပစ္စည်းပြတ်လပ်ခဲ့ပြီး  ဈေးနှုန်းအဆမတန် မြင့်တက်ခဲ့ပါတယ်။

Photo - Erich Nway Oo

12 mins Ago
Up