close

အိုးဘိုထောင်

close

October 7, 2022

တောင်သူလယ်သမားအရေးလှုပ်ရှားသူ ကိုအေးသိန်းကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချ

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်းကို အောက်တိုဘာ ၆ ရက်က  အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချလိုက်ပါတယ်။

ကိုအေးသိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၁(ဂ) တို့နဲ့လည်း မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုထားပြီး ပုဒ်မ ၅၀ (ည) အတွက် ၁၃ နှစ်၊ ပုဒ်မ ၅၁ (ဂ) အတွက် ၈ နှစ်တို့ကို သီးခြားကျခံဖို့ အမိန့်ချခဲ့တာလို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

ကိုအေးသိန်းဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေအိမ်တခုမှာ ရှိနေစဉ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅ - က နဲ့ ကနဦး တရားစွဲဆိုခံခဲ့ရတာပါ။

ဒါ့အပြင် ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃  နှစ် ကျခံဖို့ မေလ ၁၇ ရက်နေ့က ထောင်တွင်းတရားရုံးမှာ အမိန့်ချခံခဲ့ရပြီးဖြစ်ပါတယ်။

2 weeks Ago

September 30, 2022

မန္တလေးအိုးဘို​ထောင်တွင် ဆေးကုသခွင့်မရသဖြင့် အကျဉ်းသား ၁ ဦး သေဆုံး

မန္တလေး၊ အိုးဘိုထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဖိနှိပ်မှုတွေရှိပြီး စက်တင်ဘာ ၁၇ ရက်က  အကျဉ်းသားတယောက် အချိန်မီ ဆေးကုသခွင့် မရတာကြောင့် သေဆုံးခဲ့ပါတယ်။

အိုးဘိုထောင် အိပ်ဆောင် ၃၊ အခန်း ၆ က အကျဉ်းသားတယောက် ည ၇ နာရီမှာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေတာကြောင့် တာဝန်ကျ အကျဉ်းဦးစီးဝန်ထမ်းတွေကို အကြောင်းကြားခဲ့ပေမဲ့ လာရောက်ကုသပေးတာမရှိခဲ့ဘူးလို့ အကျဉ်းထောင်အတွင်းက ပေးတဲ့စာမှာ ဖော်ပြပါတယ်။

ဒီလို လာရောက်ဆေးကုသပေးတာမရှိတဲ့အတွက် ည ၁၀ နာရီ ၄၅ မိနစ် မှာ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့ရတဲ့အတွက် နိုင်ငံရေးအကျဥ်းသား/သူတွေနဲ့  တခြားအကျဥ်းသား/သူတွေက  မန္တလေး အိုးဘိုထောင်ရှိ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တ​လေးသပိတ်အင်အားစုက “ဖိနှိပ်မှုဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတဲ့ သူရဲကောင်းတွေရဲ့ အသံဟာ ကျ​နော်တို့ပြည်သူတွေရဲ့ အသံလည်း ဖြစ်ပါတယ်။ အကျဥ်း​ထောင်တွင်း အခုလို လူ့အခွင့်အရေး ချိုး​ဖောက်မှုများအတွက် ICRC အ​နေနဲ့ ထိ​ရောက်စွာ အကူအညီ​ပေးဖို့ ​တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်နေတာ၊ အပြစ်ရှာတိုက်ပိတ်တာ၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာမရတာ၊ ထောင်ပိုင်ကြီးတွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ယုံကြည်တွေကို လှောင်ပြောင်ပြောဆိုခဲ့တာတွေအတွက် ပြန်လည်ပေးဆပ်ရမယ်လို့ နိုင်ငံရေးအကျဥ်းသား/သူတွေက ထောင်တွင်းပေးစာကနေတဆင့် အသိပေး ထုတ်ပြန်ထားပါတယ်။

3 weeks Ago
Up