close

အိုးအိမ်ဝန်ထမ်းတိုက်ခန်း

close

October 25, 2022

ပုသိမ်ကြီးမြို့နယ်၌ အိုးအိမ်ဝန်ထမ်းတိုက်ခန်း ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ယောက် ဒဏ်ရာရ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကံကောက်အရှေ့ရွာရှိ အိုးအိမ်ဝန်ထမ်းတိုက်ခန်းမှာ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီခွဲလောက်က  ဗုံးပစ်ခံရလို့  ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း နှစ်ယောက် ဒဏ်ရာရသွားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ပညာရေးဝန်ထမ်းအမျိုးသမီး တယောက်  ဦးခေါင်းနဲ့ ကျောတို့မှာ မိုင်းစထိမှန် ဒဏ်ရာရရှိပြီး ဆက်သွယ်ရေးဝန်ထမ်းအမျိုးသားတယောက်က  ကျော၊ ဖနောင့် ခြေ​ထောက်၊ လက်တို့မှာ မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို No More Dictatorship People Defence Force (NMD) အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီနောက်လိုက် ထွေအုပ်တွေနဲ့ Non CDM ဝန်ထမ်းတွေ အစည်းအဝေးလုပ်ချိန် ဗုံးနဲ့ ပစ်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဝန်ထမ်းတွေဟာ CDM တွေကို  စစ်ကောင်စီ အလိုကျ  ဖိအားပေးတာနဲ့ မီတာကြေး၊ ‌လမ်းကြေး အတင်းအဓမ္မကောက်ခံနေတာကြောင့် လုပ်ဆောင်ခဲ့တာလို့ NMD အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

1 min Ago
Up