close

အီဂေါ ဒရီးစ်မန်

close

February 23, 2022

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) အထူးသံတမန်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ  ဥရောပသမဂ္ဂ(အီးယူ)ရဲ့ အထူးသံတမန်အဖြစ် လက်ရှိ အာဆီယံဆိုင်ရာဥရောပသမဂ္ဂ သံအမတ်ကြီး အီဂေါ ဒရီးစ်မန်ကို ဖေဖော်ဝါရီ ၂၂ ရက်မှာ   ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ခုလိုခန့်အပ်လိုက်တာဟာ  မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကား ရေးအတွက် အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်ချက်တွေအပေါ်  ‌‌ဥရောပသမဂ္ဂက ထောက်ခံအားပေးချက်နဲ့အညီဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အီးယူအထူးသံတမန်ခန့်အပ်လိုက်တဲ့ ဒီကြေညာချက်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နဲ့ ဒိန်းမတ်သံရုံးတွေကလည်း အားပေး ဂုဏ်ပြုကြိုဆိုကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။

အထူးသံတမန်ရဲ့ တာဝန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဧပြီမှာ အာဆီယံသဘောတူညီထားတဲ့ အချက် ၅ ချက်ကို အပြည့်အ၀အကောင်အထည်ဖော်ဆောင်နိုင်ဖို့  အာဏာသိမ်းစစ်အစိုးရမှ မွေးဖွားလာတဲ့ အကျပ်အတည်းအတွက် အဖြေရှာနိုင်စေမယ့်  အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတခုဖြစ်လာဖို့လည်း ပြင်သစ်နိုင်ငံက ထောက်ခံမှု အပြည့်အဝပေးတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ(အီးယူ)ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အတူ မြန်မာကို ဘဏ္ဍာရေးအရ အကူအညီပေးတာတွေကိုလည်း ရပ်ဆိုင်းထားတာ ဖြစ်ကာ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ပုဂ္ဂိုလ် ၂၂ ယောက်နဲ့ ဆက်စပ်ကုမ္ပဏီလုပ်ငန်း  ၄ ခုတို့ အပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ထားပါတယ်။

Photo Chedit-koran-jakarta.com

51 seconds Ago
Up