close

အီဂျစ်ပယ်ဖျက်

close

January 29, 2022

အရေးပေါ်အခြေအနေကို အီဂျစ်ပယ်ဖျက်

အီဂျစ်အာဏာပိုင်တွေဟာ ၂၀၁၇ ခုနှစ်တည်းက ချမှတ်ထားတဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ပယ်ဖျက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဗျူဟာတွေကို လတ်တလောလတွေ အတွင်း ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

နိုင်ငံခြားရန်ပုံငွေ ထောက်ပံ့ခံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGOs တချို့ အုပ်စုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စုံစမ်းစစ်ဆေးမှုရပ်ခဲ့ပြီး လစ်ဘရယ်ဝါဒီ ထောင်သားတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလုပ်ရပ်တွေဟာ အနောက်အင်အားကြီး နိုင်ငံတွေရဲ့ ဝေဖန်မှုကို ဟန့်တားဖို့ အသေးစား လိုက်လျောမှုတွေလို့ အကဲခတ်တချို့က သုံးသပ်ပြောဆိုပါတယ်။

အီဂျစ်ရွေးကောက်ခံ သမ္မတ မိုဟာမဒ် မာစီကို ဖယ်ရှားပြီး ၂၀၁၄ ခုမှာ အာဏာရလာတဲ့ လက်ရှိသမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီကို ဆန့်ကျင်သူတွေကတော့ ဒီပြုပြင်ပြောင်း လဲမှုတွေဟာ အပေါ်ယံသက်သက်လို့ ပြောဆိုပါတယ်။

တခြား ထင်ရှားတဲ့ သဘောထားကွဲလွဲသူတွေကို ထိန်းသိမ်းထားရာ တိုရာထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေဟာ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ငြင်းပယ်ခံထားရတဲ့အပြင် ဆိုးရွားတဲ့ အခြေအနေတွေ၊ ခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International က ၂၀၂၁ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အီဂျစ်အရာရှိတွေကတော့ စွဲချက်ကိုငြင်းပြီး အီဂျစ်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောခဲ့ပါတယ်။

2 mins Ago
Up