close

အီဂျစ်အစိုးရ

close

January 21, 2022

အီဂျစ်ကို တောင်ကိုရီးယားက ဒေါ်လာ ၁ ဘီလီယံ ချေးမည်

တောင်ကိုရီးယားနိုင်ငံက အီဂျစ်နိုင်ငံကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ချေးငွေပေးမယ့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သမ္မတ မွန်းဂျေးအင်းက အီဂျစ်မြို့တော် ကိုင်ရိုကို အလည်အပတ် ခရီးစဉ်အတွင်း ဇန်နဝါရီ  ၂၀ ရက်မှာ ကြေညာပါတယ်။

ဒီချေးငွေတွေကို ငါးနှစ်အတွင်းပေးဖို့ မျှော်လင့်ထားတယ်လို့ အီဂျစ်ဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ဟုန်ဂျင်းဝုခ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သမ္မတမွန်းဟာ အီဂျစ်သမ္မတ အဘ်ဒယ်ဖှာတာအယ်လ်စီစီနဲ့အတူ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ တယ်လီကွန်ဆက်သွယ်ရေးအပြင် အပြန်အလှန် ဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတရဲ့ ပင်လယ်ကွေ့ဒေသ ခရီးစဉ်ဟာ ဒီသီတင်းပတ် အစောပိုင်းမှာ စတင်ခဲ့တာပါ။

15 mins Ago

September 23, 2019

အီဂျစ်အစိုးရ၏ အဂတိလိုက်စားမှုကို ဆန့်ကျင်ဆန္ဒပြသည့် ရုပ်သံအား ထုတ်လွှင့်ပြသ

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုနဲ့ တခြားမြို့အတော်များများမှာ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေ စုဝေးပြီး အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ရုပ်သံကို မီဒီယာတွေက စက်တင်ဘာ ၂၂ ရက်မှာ ထုတ်လွှင့် ပြသပါတယ်။  စက်တင်ဘာ ၂၀ ရက်က ချီတက်ခဲ့တဲ့ ဆန္ဒပြပွဲအတွက် အင်တာနက်ပေါ်ကနေ ဆော်သြ စုစည်းခဲ့တာလို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံတွေက ပြောပါတယ်။  အီဂျစ်နိုင်ငံအတွင်း သမ္မတအဘ်ဒယ်ဖှာတာအယ်လ်စီစီ လက်အောက်မှာ သဘောထား ကွဲလွဲသူတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းအပြီး ဆန္ဒပြပွဲတွေ အင်မတန်ရှားပါးခဲ့တာပါ။ ကိုင်ရိုမြို့တော်က လူအုပ်ကို လူစုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးခဲ့ပါတယ်။  ဒါပေမယ့် လူငယ်အများအပြားက မြို့လယ်လမ်းတွေပေါ်မှာ ဆက်ရှိနေပြီး စီစီ ထွက်သွားလို့ အော်ဟစ်ခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာနက အခင်းဖြစ်ရာနေရာကနေ သတင်း ပေးပို့ခဲ့ပါတယ်။  ၂၀၁၁ အီဂျစ် စစ်ပြန် ဟိုစနီမူဘာရတ်ကို ဖယ်ရှားခဲ့တဲ့ ဆန္ဒပြပွဲတွေ စတင်ရာ တာဟီရာ ရင်ပြင်နဲ့ ကိုင်ရိုမြို့လယ်မှာ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ အာဏာပိုင်တွေဆီက စကား တစုံတရာရဖို့ ဆက်သွယ်လို့ မရသေးပါဘူး။ ====================== အီဂ်စ္အစိုးရ၏ အဂတိလိုက္စားမႈကို ဆန႔္က်င္ဆႏၵျပသည့္ ႐ုပ္သံအား ထုတ္လႊင့္ျပသ DVB အီဂ်စ္ႏိုင္ငံ ၿမိဳ႕ေတာ္ကိုင္႐ိုနဲ႔ တျခားၿမိဳ႕အေတာ္မ်ားမ်ားမွာ ရာနဲ႔ခ်ီတဲ့ဆႏၵျပသူေတြ စုေဝးၿပီး အစိုးရရဲ႕ အဂတိလိုက္စားမႈေတြကို ဆန႔္က်င္ဆႏၵျပတဲ့ ႐ုပ္သံကို မီဒီယာေတြက စက္တင္ဘာ ၂၂ ရက္မွာ ထုတ္လႊင့္ ျပသပါတယ္။ စက္တင္ဘာ ၂၀ ရက္က ခ်ီတက္ခဲ့တဲ့ ဆႏၵျပပြဲအတြက္ အင္တာနက္ေပၚကေန ေဆာ္ၾသ စုစည္းခဲ့တာလို႔ မ်က္ျမင္သက္ေသေတြနဲ႔ ေဒသခံေတြက ေျပာပါတယ္။ အီဂ်စ္ႏိုင္ငံအတြင္း သမၼတအဘ္ဒယ္ဖွာတာအယ္လ္စီစီ လက္ေအာက္မွာ သေဘာထား ကြဲလြဲသူေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ႏွိမ္နင္းအၿပီး ဆႏၵျပပြဲေတြ အင္မတန္ရွားပါးခဲ့တာပါ။ ကိုင္႐ိုၿမိဳ႕ေတာ္က လူအုပ္ကို လူစုခြဲဖို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယို ဓာတ္ေငြ႕ေတြကို သုံးခဲ့ပါတယ္။ ဒါေပမယ့္ လူငယ္အမ်ားအျပားက ၿမိဳ႕လယ္လမ္းေတြေပၚမွာ ဆက္ရွိေနၿပီး စီစီ ထြက္သြားလို႔ ေအာ္ဟစ္ခဲ့တဲ့အေၾကာင္း ႐ိုက္တာသတင္းဌာနက အခင္းျဖစ္ရာေနရာကေန သတင္း ေပးပို႔ခဲ့ပါတယ္။ ၂၀၁၁ အီဂ်စ္ စစ္ျပန္ ဟိုစနီမူဘာရတ္ကို ဖယ္ရွားခဲ့တဲ့ ဆႏၵျပပြဲေတြ စတင္ရာ တာဟီရာ ရင္ျပင္နဲ႔ ကိုင္႐ိုၿမိဳ႕လယ္မွာ လုံၿခဳံေရး အႀကီးအက်ယ္ ခ်ထားပါတယ္။ အာဏာပိုင္ေတြဆီက စကား တစုံတရာရဖို႔ ဆက္သြယ္လို႔ မရေသးပါဘူး။
2 years Ago
Up