နယူးကာဆယ်အသင်းဟာ ဆိုစီဒက်တိုက်စစ်မှူး အီဆက်ခ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။
အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ဆွီဒင်တိုက်စစ်မှူးအတွက် နယူးကာဆယ်အသင်းက စတာလင် ပေါင်သန်း ၆၀ ပေးချေခဲ့ရပြီး ဒီပမာဏဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးခေါ် ယူမှုဖြစ်ပါတယ်။
အလက်စန္ဒားအီဆက်ခ်ဟာ အသင်းကို ကြီးမားတဲ့ အကူအညီပေးနိုင်မယ့်သူဖြစ်ပြီး နယူးကာဆယ်ကို ရွေးချယ်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း ကာဆယ်နည်းပြ အက်ဒီဟောက်က ပြောပါတယ်။
ဆွီဒင်လက်ရွေးစင်အသင်းမှာ ၃၇ ပွဲကစားပေးထားတဲ့ အီဆက်ခ်ဟာ စပိန်ကလပ် ဆိုစီဒက်နဲ့ ၁၃၂ပွဲ ကစားခဲ့ပြီး ၄၄ ဂိုးသွင်းယူခဲ့ပါတယ်။
အပြောင်းအရွှေ့အပြီးသတ်နိုင်ခဲ့လို့ ကျေနပ် ပြီး မိမိအတွက် အလွန်ကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း အီဆက်ခ်ကပြောပါတယ်။
နယူးကာဆယ်အသင်းက ပရိသတ်တွေများပြီး သမိုင်းဝင်အသင်းတစ်သင်းဖြစ်လို့ ကစားသမားတိုင်း လာရောက် ကစားချင်တဲ့အသင်းဖြစ်တယ်လို့လည်း အီဆက်ခ်ကပြောပါတယ်။
အီဆက်ခ်ဟာ နယူးကာဆယ်အတွက် စတုတ္ထမြောက်ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပြီး ဘော့မန်၊ နစ်ပုပ်ခ်နဲ့ တာဂတ်တို့ကိုလည်း ခေါ်ယူထားပါတယ်။