close

အီတလီထိပ်တန်းကလပ်

close

April 23, 2023

မက်ဂွဲယားကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် အီတလီထိပ်တန်းကလပ်များ စိတ်ဝင်စား

အီတလီထိပ်တန်းကလပ်တွေဟာ မန်ယူနောက်ခံလူ မက်ဂွဲယားကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အပြိုင် အဆိုင် စိတ်ဝင်စားနေကြပါတယ်။

မက်ဂွဲယားဟာ မန်ယူခံစစ်မှာ အမှားအယွင်းများနေပြီး လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်လည်းရ ရှိမှာမဟုတ်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိနေတာပါ။

မန်ယူအသင်းဘက်ကလည်း တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ပေးနေရာတာကို လျှော့ချတဲ့အနေနဲ့ မက်ဂွဲယားကို ရောင်းထုတ်ဖို့ စီစဉ်ထားတယ်လို့ 90 mins သတင်းမှာဖော်ပြပါတယ်။ 

မက်ဂွဲယားကို ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေက အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းလာဖို့ရှိနေပြီး မန်ယူအသင်းဘက်က အငှားစာချုပ်နဲ့အတူ အပြီးသတ်ရောင်းချခွင့်ပါ တပါတည်းထည့်သွင်းဖို့ ကမ်းလှမ်းမယ်လို့သိရပါတယ်။

အသက် ၃၀ ရှိလာတဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားဟာ ၂၀၁၉ ခုနှစ်က လက်စတာကနေပြောင်းရွှေ့လာသူဖြစ်ပြီး မန်ယူအတွက် စုစုပေါင်း ၁၇၂ ပွဲ ကစားထားပြီး ဖြစ်ပါတယ်။ 

9 mins Ago
Up