လန်ဒန်မြို့၊ ဝင်ဘလေကွင်းမှာ မနေ့ညကကန်သွားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဥ်ပြိုင်ကစားရာမှာ အီတလီအသင်းက အင်္ဂလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရ ပြီး ဒုတိယအကြိမ် ဗိုလ်စွဲသွားပါတယ်။
ဒီပွဲပထမပိုင်း ၂ မိနစ်မှာပဲ အင်္ဂလန်အသင်းက နောက်ခံလူ လုရှောက အဖွင့်ဂိုးသွင်းယူကာ ပထမပိုင်းပြီးတဲ့အထိ တစ်ဂိုးဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ အီတလီအတွက် ချေပဂိုးကို ဘူနိုချီက သွင်းယူပေးခဲ့ပါတယ်။
ပုံမှန်ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပိုမိနစ် ၃၀ မှာ နှစ်သစ်စလုံး ဂိုးထပ်မသွင်းနိုင်တော့ဘဲ တစ်ဖက် ၁ ဂိုးစီသရေကျနေလို့ ပင်နယ်တီကန်ရာမှာ ၃-၂ ဂိုးနဲ့ အီတလီက အနိုင်ရဗိုလ်စွဲသွားတာဖြစ်ပါတယ်။
ပွဲပြီးခါနီးမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ် လူစားလဲခဲ့တဲ့ မန်ယူလူငယ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ရဲ့ ပင်နယ်တီကန်သွင်းချက်တွေနဲ့ ဆာကာရဲ့ ကန်သွင်းချက်တွေကို အီတလီဂိုးသမားက ကာကွယ်နိုင်ခဲ့လို့ ဂိုး မဝင်ခဲ့ပါဘူး။
ဒီပွဲမှာအီတလီက အီတလီက ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းနဲ့ အင်္ဂလန်က ၃၅ ရာခိုင်နှုန်းရှိပြီး အီတလီက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေပါ ပိုမိုရရှိခဲ့တာပါ။
အီတလီအသင်း ဒီပြိုင်ပွဲမှာ ရှုံးပွဲမရှိအနိုင်ရပြီး ယူရိုဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယအကြိမ် ချန်ပီယံ ဆုရရှိတာဖြစ်ပါတယ်။ ပထမအကြိမ် ချန်ပီယံဆုကို ၁၉၆၈ ခုနှစ်ကရရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅၃ နှစ်အကြာမှာ တစ်ကျော့ပြန် ချန်ပီယံဖြစ်လာတာပါ။
အင်္ဂလန်အသင်းကတော့ ဗိုလ်လုပွဲရောက်ဖို့ ရာစုနှစ်တစ်ဝက်ကျော် ၅၅ နှစ်ကြာစောင့်ခဲ့ရပြီး ဝင်ဘလေအိမ်ကွင်းမှာ အနိုင်ရဗိုလ်စွဲအောက်ပွဲခံဖို့ မျှော်လင့်ချက် အိပ်မက်လည်း ပျက်သွားခဲ့ရပါတယ်။
ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို အီတလီဂိုးသမား ဒွန်နာရမ်မာကရရှိပြီး ၊ ဂိုးသွင်းအများဆုံးကစားသမား (ရွှေဖိနပ်) ဆုကိုတော့ ၅ ဂိုးသွင်းခဲ့တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ရရှိကာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ စပိန်အသင်းအလယ်တန်းလူ အသက် ၁၈ နှစ်အရွယ် ပတ်ဒရီက ရရှိသွားပါတယ်။
Photo Credit UERO 2020