close

အီတလီသံအမတ်သတ်ဖြတ်ခံရမှု

close

January 20, 2022

အီတလီသံအမတ်အား သတ်ဖြတ်ခဲ့သည့် အဖွဲ့ကို ကွန်ဂိုရဲက ဖမ်းဆီး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မနှစ်က အီတလီသံအမတ်ကို သတ်ခဲ့မှုနဲ့ ဆက်စပ်မှုရှိပြီး မကြာခင်က NGO အဖွဲတွေကိုပါ ပြန်ပေးဆွဲခဲ့တဲ့အုပ်စုတခုကို ဇန်နဝါရီ ၁၈ ရက်နေ့က ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။

မနှစ်က ဖေဖော်ဝါရီမှာ အီတလီသံအမတ် ‘လူကာ အတန်နာဆီယို’ နဲ့ သူ့အဖော်နှစ်ဦးဟာ ကွန်ဂိုအရှေ့ဘက် ကုလသမဂ္ဂက ကူညီပံ့ပိုးပေးထားတဲ့ ကျောင်းလေးတခုကို အလည်အပတ်သွားရောက်စဉ် လမ်းမှာ ပြန်ပေးဆွဲ အသတ်ခံခဲ့ရတာပါ။

ပြည်နယ်ရဲတပ်ဖွဲ့မှူးက “သံအမတ်ကို သတ်ခဲ့တဲ့ အုပ်စုပါ၊ အုပ်စုခေါင်းဆောင်ကတော့ ထွက်ပြေးနေတုန်းပါ၊ ဒေါ်လာ ၁ သန်းရမယ်ဆိုလို့ သတ်ခဲ့တာလို့ ပြောတယ်၊ နောက်တော့ သူတို့ ငွေမရခဲ့ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကွန်ဂိုအရှေ့ဘက်ခြမ်းမှာ အစိုးရတပ်တွေနဲ့  ပြည်သူ့စစ်အုပ်စုတွေကြား မြေယာနဲ့ သံယံဇာတ ထိန်းချုပ်ဖို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ခဲ့တာပါ။ ကုလသမဂ္ဂကားတွေနဲ့ NGO ဝန်ထမ်းတွေကို ပြန်ပေးဆွဲ သတ်ဖြတ်မှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။

31 seconds Ago
Up