close

အီတလီ၊ ဝေးလ်

close

June 17, 2021

အီတလီ၊ ဝေးလ်နှင့် ရုရှားအသင်းတို့ နိုင်ပွဲရ

ဇွန်လ ၁၆ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယ ပွဲစဉ်တွေမှာ  အီတလီ၊ ဝေးလ်နဲ့ ရုရှားအသင်းတွေ နိုင်ပွဲရသွားပါတယ်။ 

အုပ်စု (A) ပွဲစဉ်အဖြစ် အီတလီနဲ့ ဆွစ်ဇာလန်တို့ပွဲစဉ်မှာ အီတလီက  ၃ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး  အနိုင်ဂိုးတွေကိုတော့  လိုကာတယ်လီက ပွဲချိန် ၂၆ မိနစ်နဲ့ ၅၂ မိနစ်တွေမှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး ၈၉ မိနစ်မှာ အီမိုဘီလီက တစ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။  ဒီပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ နှစ်ဂိုးသွင်းယူခဲ့တဲ့ အီတလီကွင်းလယ်လူ လိုကာတယ်လီက ရရှိသွားပါတယ်။ 

အုပ်စု (A) တခြားပွဲစဉ်တစ်ခုဖြစ်တဲ့  တူရကီနဲ့ ဝေးလ်တို့ ပွဲစဉ်မှာတော့ ဝေးလ်က ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရသွားပါတယ်။ ဒီပွဲမှာ တူရကီက ဝေးလ်ထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေပါ ပိုရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု (A) အသင်းတွေ ၂ ပွဲ စီကန်အပြီးမှာတော့ အီတလီက  ရမှတ် ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီး ဝေးလ်က အုပ်စုဒုတိယနေရာ၊ ဆွစ်ဇာလန်က တတိယနေရာနဲ့ တူရကီက အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ 

အုပ်စု (B) က ဖင်လန်နဲ့ ရုရှားတို့ပွဲစဉ်မှာတော့ ရုရှားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး  အုပ်စု ဒုတိယ နေရာမှာရပ်တည်နေပါတယ်။ 

ဇွန်လ ၁၇  ရက်မှာတော့  အုပ်စု (B) က ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံ၊   အုပ်စု (C) က ယူကရိန်းနဲ့ မြောက်မက်ဆီဒိုးနီးယား၊ နယ်သာလန်နဲ့ ဩစထြီးယားအသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။

10 mins Ago
Up