ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် ရုရှားကို မပံ့ပိုးဖို့နဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ဖို့အရေး ပူးတွဲအားထုတ်ဖို့ တရုတ်အစိုးရကို အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီက မတ်လ ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ပဋိပက္ခ အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းတာတွေ အောင်မြင်နိုင်စေမယ့် အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စိတ်ဝင်စားပုံ မပေါ်ဘူးလို့လည်း ဒရာဂီက အီတလီလွှတ်တော်ကို ပြောပါတယ်။
အဓိကလုပ်ငန်းတွေကို ကာကွယ်ဖို့နဲ့ ဥရောပရဲ့ စီးပွားရေးကို အားဖြည့်ဖို့ ရည်မှန်းပြီး ပိုကျယ်ကျယ်ပြန့်ပြန့် အားထုတ်တဲ့အနေနဲ့ ကွန်ပျူတာ ချစ်ပ်စ်တွေ ပိုတိုးချဲ့ထုတ်လုပ်ဖို့ဟာ ဥရောပနိုင်ငံတွေရဲ့ ထိပ်တန်းဦးစားပေးပဲလို့လည်း ဒရာဂီက ဆက်ပြောပါတယ်။
သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ စက်တွေနဲ့ ကာကွယ်ရေးလို ဗျူဟာမြောက် လုပ်ငန်းအများအပြားအတွက် မရှိမဖြစ်လိုတဲ့ ဆီမီးကွန်ဒတ်တာတွေ ပြတ်လပ်ခဲ့လို့ ထူးထူးကဲကဲ ထိခိုက်ခဲ့ပြီးပြီလို့လည်း သူက ပြောပါတယ်။
၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ကွန်ပျူတာချစ်ပ်စ် ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိ ဈေးကွက်ဝေစု တိုးမြှင့်ရရှိရေးဟာ ဥရောပရဲ့ ရည်မှန်းချက်ပဲလို့လည်း သူက ပြောခဲ့ပါတယ်။