close

အီဒ်ဂါဗလီ

close

June 21, 2021

အလုံမြို့နယ် အီဒ်ဂါဗလီ မီးလောင်မှုတွင်တာဝန်ရှိသူ ၂ ဦးကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ အီဒ်ဂါဗလီမှာ ဇွန်လ ၂၁ ရက် ဒီမနက် ၂ နာရီလောက်က ဖြစ်တဲ့ မီးလောင်မှုကို မီးသတ်ဌာနက ပေါ့ဆမီးအဖြစ် သတ်မှတ်ပြီးနောက် ဗလီတာဝန်ရှိသူတွေထဲက နှစ်ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။

အီဒ်ဂါဗလီမီးလောင်ပြီး နာရီဝက်အကြာမှာ မီးသတ်တပ်ဖွဲ့ရောက်ရှိလာပြီး မကြာခင်မီး  ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ ဗလီရဲ့ နံရံနဲ့  အမိုးသာကျန်ခဲ့တာပါ။

အဆိုပါမီးလောင်မှုကို မီးသတ်ဌာနက ဝါယာရှော့ခ်လို့ သတ်မှတ်ပြီး ဗလီက တာဝန်ရှိသူ  ၂ ယောက်ကို  အလုံရဲစခန်းက မီးပေါ့ဆမှုနဲ့  အမှုဖွင့်ထားကာ အာမခံပေးထားတယ်လို့ သိရပါတယ်။

12 hours Ago
Up