close

အီမီခရွန်

close

December 19, 2021

အီမီခရွန်ကူးစက်မှု မြင့်နေသဖြင့် နယ်သာလန်တွင် လော့ခ်ဒေါင်းချ

နယ်သာလန်မှာ အိုမီခရွန် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုမြင့်မားနေတာကြောင့် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ လော့ခ်ဒေါင်း တင်းတင်းကျပ်ကျပ် ချထားမယ်လို့ ဝန်ကြီးချုပ် ‘မာခ့် ရူတီ’ က စနေနေ့က ကြေညာခဲ့ပါတယ်။

အခုအခါ  ဥရောပနိုင်ငံတွေမှာ အိုမီခရွန်ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ တင်းကျပ်တဲ့စည်းကမ်းတွေ ချထားပြီး နယ်သာလန်နိုင်ငံကလည်း အရေးပေါ်ဆောင်ရွက်နေပါတယ်။

ဝန်ကြီးချုပ်က “အိုမီခရွန်က ကျနော်တို့ဆီ ပဉ္စမလှိုင်း သယ်လာနေတာကြောင့် လော့ခ်ဒေါင်းဟာ ရှောင်လွှဲလို့မရဘူး။ အိုမီခရွန်ဟာ စိုးရိမ်တာထက်ကို ပိုပြီးပျံ့နေတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံး လော့ခ်ဒေါင်းကို ဒီနေ့တနင်္ဂနွေမှာ စတင်ပြီး မရှိမဖြစ်ဆိုင်တွေကလွဲလို့ စားသောက်ဆိုင်၊ ပြတိုက်၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကျောင်းအားလုံး ဇန်နဝါရီလလယ်အထိ ပိတ်ထားမှာပါ။ 

လော့ခ်ဒေါင်း သတင်းကြေညာပြီးနောက် လူတွေဟာ ဈေးဆိုင်တွေထဲ အလုအယက် ပြုံတိုးဝယ်ကြပါတယ်။

အိုမီခရွန် ကိုဗစ်ဗိုင်းရပ်စ်ကို ပြီးခဲ့တဲ့သုံးပတ်က နယ်သာလန်မှာ တွေ့ရှိခဲ့ပြီး ကူးစက်မှု မြင့်မားနေပါတယ်။ 

ဒတ်ချ်လူမျိုး ၈၅ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးပြီးသားဖြစ်ပြီး ၉ ရာခိုင်နှုန်းက booster ကာကွယ်ဆေး ထိုးထားပေမဲ့ ဥရောပမှာတော့ booster ထိုးမှု အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။

56 seconds Ago
Up