close

အီရတ်ကာ့ဒ်ဒေသ

close

March 14, 2022

အီရတ်ကာ့ဒ်ဒေသကို အီရန်ဘက်က ဒုံးကျည် ၁၂ စင်းဖြင့် ပစ်ခတ်

အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသမြို့တော် အာဘီးလ်ကို မတ်လ ၁၃ ရက်က  အီရန်ဘက်က နေ ဒုံးကျည် ၁၂ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ 

အီရန်ဘက်က တစုံတရာ တာဝန်ယူပြောဆိုမှု မရှိပေမဲ့၊ အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ‘လက်ခံနိုင်ဖွယ်မရှိတဲ့ အင်မတန် ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှု” လို့ ပြောဆိုခဲ့ပါတယ်။

အာဘီးလ်မြို့နိုင်ငံတကာလေဆိပ်မှာ အမေရိကန်တပ်တွေ တပ်စွဲထားတဲ့ အဆောက်အအုံ အနီးဝန်းကျင်ကို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ရှီအိုက်အစ္စလာမ်အုပ်စုက တိုက်ခိုက်ခဲ့တာပါ။

အဆောက်အအုံကို တိုက်ရိုက်မထိတာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း ပြောပါတယ်။

အီရန်မြှောက်ပေးထားတဲ့ စစ်သွေးကြွအုပ်စုတွေက အီရတ်ရှိ အမေရိကန်စစ်ရေးနဲ့ သံတမန်ဝင်း နေရာတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပြီး အခုတိုက်ခိုက်မှုကို အီရန်အစိုးရက ငြင်းဆန်ပါတယ်။ 

1 min Ago
Up