close

အီရန်ကစားသမား

close

November 22, 2022

အီရန်ကစားသမားများ နိုင်ငံတော်သီချင်းမဆိုဘဲ အစိုးရကို ဆန္ဒပြ

အင်္ဂလန်နဲ့ပွဲမစခင်မှာ အီရန်ကစားသမားတွေဟာ နိုင်ငံတော်သီချင်းမဆိုဘဲ တိတ်ဆိတ်ပြီးတော့ အီရန်အစိုးရကို ဆန္ဒပြခဲ့ပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းအတွင်း လူထုဆန္ဒပြပွဲတွေရှိခဲ့ပြီး အီရန်အာဏာပိုင်တွေက အင်အားသုံးနှိမ်နှင်းခဲ့ရာမှာ  လူ ၄၀၀ ခန့်သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြတဲ့ အီရန်ပြည်သူတွေကို နှိမ်နင်းခဲ့တဲ့ အီရန်အာဏာပိုင်တွေကို ဆန္ဒပြတဲ့အနေနဲ့ အီရန်ကစားသမား တွေက နိုင်ငံတော်သီချင်း မဆိုဘဲ နေခဲ့ကြတာပါ။

နိုင်ငံတော်သီချင်းဖွင့်ထားချိန်မှာ ပွဲကြည့်စင်က အီရန်ပရိသတ်တွေက အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု ဆိုတဲ့စာသားတွေကို အော်ဟစ်ကြွေးကြော်ခဲ့ပါတယ်။

အီရန်အစိုးရပိုင်ရုပ်သံကတော့ ကစားသမားတွေကို နိုင်ငံတော်သီချင်းမဆိုခဲ့တာကို ဖုံးကွယ်ခဲ့ပြီး မြင်ကွင်းအကျယ်ရိုက်ချက်ကိုပဲ ပြသခဲ့တယ်လို့သိရပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့စက်တင်ဘာလက  အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို ဖမ်းဆီးရာကနေ အသက်သေဆုံးခဲ့တာကြောင့် လူထုဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူအရေအတွက် တိုးလာနေဆဲဖြစ်ပါတယ်။

10 mins Ago
Up