close

အီရန်အတိုက်ခံ

close

July 12, 2021

အီရန်အတိုက်ခံကို ထောက်ခံသူများ ဘာလင်တွင် ဆန္ဒပြ

အီရန်ပြည်ပြေး အတိုက်အခံကို ထောက်ခံသူတွေဟာ ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်နဲ့ တခြားနေရာတွေမှာ ဇူလိုင် ၁၀ ရက်က စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ 

အီရန်ရဲ့ အသစ်ရွေးကောက်ခံ သမ္မတကို လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ သေဒဏ်ပေးဖို့ လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြသလို ဘာလင်မြို့တော်က ဘရန်ဒန်ဘာ့ဂ်မုခ်ဦးနဲ့ တခြားနေရာတွေမှာ ချီတက်သူတွေဟာ အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

 အီရန်သမ္မတ ရိုင်စီကို ၁၉၈၈ ခုနှစ်က နိုင်ငံရေး အကျဥ်းသားအယောက် ၃၀၀၀၀ ကို အစုလိုက် သတ်ဖြတ်မှု အတွက် တာဝန်ရှိသူ သားသတ်သမားအဖြစ် အီရန် ခုခံရေး အမျိုးသားကောင်စီရဲ့ ရွေးကောက်ခံ ဥက္ကဋ္ဌ ကတော့   မိန့်ခွန်းထဲမှာ ပြောဆို စွပ်စွဲခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch တို့ကလည်း ရိုင်စီရဲ့ ရွေးကောက်ခံ ရမှုဟာ လူ့အခွင့်အရေး အတွက် ထိုးနှက်ချက်လို့ ပြောပါတယ်။

ထောင်ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဥပဒေ ပြင်ပ သတ်ဖြတ်မှုအတွင်း ရိုင်စီရဲ့ အခန်းကဏ္ဍ အတွက် စုံစမ်းစစ်ဆေးဖို့ကိုလဲ ဆော်သြခဲ့ကြပါတယ်။

5 mins Ago
Up