အစ္စရေးဝန်ကြီးချုပ် ဘန်းနက်က သြဂုတ်လကုန်ပိုင်းမှာ အမေရိကန်မြို့တော် ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီး အီရန်အရေး ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ သြဂုတ် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်ဘန်းနက်ကို တရားဝင် ဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ ဘာမှ မပြောသေးပါဘူး။
ဒါဟာ သမ္မတ ဘိုင်ဒန်နဲ့ အရေးကြီးတဲ့ အစည်းအဝေးပဲ အီရန်အရေးကို အာရုံစိုက်မယ်လို့ ဘန်းနက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အီရန်ရဲ့ မတည်ငြိမ်မှုတွေ၊ ဒေသတွင်း အပြုသဘော မဆောင်တဲ့ လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်ဝါဒနဲ့ နျူကလီးယား အစီအစဉ်တွေကို ဟန့်တား ထိန်းချုပ်ဖို့ ရည်မှန်းထားတဲ့ မဟာမိတ်မူဝါဒကို အင်မတန် အာရုံစိုက် ထားတယ်လို့ ဘန်းနက်က ပြောပါတယ်။
အီရန်နဲ့ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကြား လွန်ခဲ့တဲ့ ၃ နှစ်က သဘောတူထားတဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲတွေကို အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဧပြီက စပြီး ရပ်ခဲ့ပါတယ်။ အစ္စရေးကတော့ သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲတွေကို စိုးရိမ်နေတာပါ။
အစ္စရေးဟာ နျူကလီးယား လက်နက်ပိုင်ရှင် အီရန်ကို အမြဲရှိနေတဲ့ ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ထားပေမဲ့ အီရန်ကတော့ နျူကလီးယားဗုံး ထုတ်လုပ်နေတယ်ဆိုတဲ့ အချက်ကို ငြင်းထား ပါတယ်။