close

အီရန် ကျောင်းသား

close

October 31, 2022

သတိပေးချက်များ ထုတ်ပြန်သည့်ကြားမှ အီရန် ကျောင်းသားများ ဆန္ဒပြ

ဆန္ဒပြပွဲတွေကို ရပ်ဖို့ သတိပေးချက်ကို ဖီဆန်ရင်း အီရန်နိုင်ငံ ဆာဒရာမြို့က တက္ကသိုလ်တခုမှာ အီရန် ကျောင်းသားတွေက 'လွတ်လပ်မှု' နဲ့ "အစ္စလာမ့်သမ္မတနိုင်ငံကို ငါမလိုချင်ဘူး"  ကြွေးကြော် သံတွေနဲ့ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။။ 

အောက်တိုဘာ ၂၉ ရက်ဟာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ နောက်ဆုံးနေ့ဖြစ်မယ်လို့  အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်း တပ်မှူးက ဆန္ဒပြသူတွေကို ပြောခဲ့တာပါ။

အသက် ၂၂  နှစ်အရွယ် မာဆာအာမီနိဟာ အကျင့်စာရိတ္တ မသင့်လျော်ဘူးလို့ ယူဆတဲ့ ဝတ်စားဆင်ယင်မှုအတွက် ရဲတွေဖမ်းတာကို ခံရပြီးတဲ့နောက် သေဆုံးခဲ့တာပါ။

ဒီဖြစ်ရပ်ကို ဆန့်ကျင်တဲ့ ခုနစ်ပတ်မြောက် ဆန္ဒပြပွဲတွေအတွင်း အပြင်းအထန် ဖြိုခွဲခံရတဲ့ တက္ကသိုလ်မှာ ဒါဇင်နဲ့ချီတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေက ခြိမ်းခြောက်မှု ဖြစ်လာခဲ့တာပါ။

အာမီနီ သေဆုံးပြီးနောက် စက်တင်ဘာ ၁၆ ရက်ကစပြီး အလွှာပေါင်းစုံက အီရန်နိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေဟာ ၁၉၇၉ တော်လှန်ရေးနောက်ပိုင်း နိုင်ငံ့ဘာသာရေး ဆရာတွေ အတွက် အပြင်းထန်ဆုံးသော စိန်ခေါ်မှုတွေထဲက တခုဖြစ်လာခဲ့ပြီး ဆန္ဒပြသူ တချို့က အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီကို အသေခံဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

နိုင်ငံတဝန်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက တက္ကသိုလ် အဆောက်အအုံတွေ အတွင်း ကျောင်းသားတွေကို ပိတ်ဆို့ဖို့ ကြိုးစားရင်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့ပါတယ်။ 

3 mins Ago
Up