close

အီလီနွိုက်ပြည်နယ်

close

May 2, 2023

အီလီနွိုက်ပြည်နယ်တွင် မုန်တိုင်းတိုက်ပြီး လူအများအပြား သေဆုံး

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ် တောင်ပိုင်းရှိ အင်တာစတိတ် အမှတ် ၅၅ မှာ မေလ ၁ ရက်က ဖုန်မှုန့် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူအများအပြား သေဆုံးပြီး လူပေါင်းဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အီလီနွိုက်ပြည်နယ်၊ ဒေးဗားနင်ကျေးရွာမှာ မနက် ၁၁ နာရီ ထိုးပြီးလောက်ချိန်မှာ ကုန်တင်ကားတွေ၊ ကားတွေလည်း တိုးတိုက်စုပုံလာမှုကြောင့် ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖျင်းအားဖြင့် ခရီးသည်တင်ကား အစီး ၄၀ ကနေ ၆၀ လောက်ထိနဲ့ ၁၈ ဘီးကား နောက်တွဲကုန်တင်ယာဉ်တပိုင်း ထရပ်ကားကြီးတွေလည်း အဲဒီအစုအပြုံထဲမှာ အများအပြား ပါဝင်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒဏ်ရာရရှိသူ ၃၀ လောက်ကို ဒေသဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ခဲ့ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထရပ်ကားတွေထဲမှာ ၂ စီးက မီးလောင်ခဲ့ပြီး တစီးက ပေါက်ကွဲခဲ့တာ ဖြစ်နိုင်ကြောင်းလည်း ဆိုပါတယ်။

ဒီလိုယာဉ်တွေ ဝင်တိုက်စုပုံမှုကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေနဲ့ ပတ်သက်ပြီး တရားဝင်သတင်းတွေတော့ မထွက်ပေါ်လာသေးပါဘူး။ အဝေးပြေးလမ်းရဲ့ လမ်းကြောင်း ၂ ခု လုံးကို နာရီများစွာကြာအောင် ပိတ်ထားဆဲ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ယာဉ်တွေ စုပုံတိုက်မိမှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဒေးဗားနင်ကျေးရွာရဲ့ မြို့တော်ခန်းမကို အသုံးပြုထားကြောင်း သိရပါတယ်။

1 min Ago

January 31, 2020

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာအမျိုးသမီးထံမှ ခင်ပွန်းဖြစ်သူ ကူးစက်ခံရ

လူလူချင်း ကူးစက်ခံရတဲ့  ကိုရိုနာဗိုင်းရပ်စ် လူနာကို ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ တွေ့ရှိတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (CDC) က ဇန်နဝါရီ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။  ဒါကြောင့် အမေရိကန်နိုင်ငံမှာ ကူးစက်မြန်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အရေအတွက် ၆ ယောက်အထိ ရှိလာပါပြီ။ ကူးစက်ခံလူနာဟာ နဂိုဗိုင်းရပ်စ်ရှိနေသူ  အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့သူ ဖြစ်ပါတယ်။  လူနာ နှစ်ယောက်စလုံးဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  မကြာသေးခင်က အဲဒီအမျိုးသားမှာ ရောဂါလက္ခဏာတွေ ပြသလာပြီးနောက် သူ့ကို ချက်ချင်း ဆေးရုံတင်ခဲ့တယ်လို့ အီလီနွိုက် ကျန်းမာရေး ဝန်ထမ်းတဦးက ဆိုပါတယ်။  လောလောဆယ်မှာ အဲဒီလူနာ စုံတွဲနဲ့ ထိတွေ့ခဲ့သူ  ၂၁ ယောက် ရှိတယ်လို့ စုံစမ်းသိရှိရတယ်လို့ အီလီနွိုက် ပြည်သူ့ကျန်းမာရေးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 
3 years Ago
Up