close

အီးမေးလ်စနစ်

close

November 15, 2021

အမေရိကန်ထောက်လှမ်းရေး FBI ၏ အီးမေးလ်စနစ် ဆိုက်ဘာဖောက်ထွင်းခံရ

ဆိုက်ဘာဖောက်ထွင်းသူ ဟက်ကာတွေက အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို FBI ရဲ့ အီးမေးလ်စနစ်ကို  နိုဝင်ဘာ ၁၃ ရက်က   ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ဖော်ပြပါတယ်။

ဟက်ကာတွေဟာ FBI ရဲ့ အီးမေးလ်အကောင့်တခုကနေ ဆိုက်ဘာ တိုက်ခိုက်နိုင်ခြေတရပ်ကို သတိပေးထားတဲ့ အီးမေးလ်တွေ ထောင်သောင်းချီ ပေးပို့ခဲ့တယ်လို့ ခြိမ်းခြောက်မှုတွေကို ခြေရာခံတဲ့ အဖွဲ့အစည်း Spamhaus Project ကို ကိုးကားပြီး သတင်းဌာနက ဖော်ပြပါတယ်။

FBI ရဲ့ အီးမေးလ်အကောင့်ကနေ ထွက်လာတဲ့ အီးမေးလ်အတုတွေကို FBI က သတိထားမိတယ်လို့ Spamhaus Projectက ဘလွန်းဘာ့ဂ် သတင်းဌာနကို ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

2 mins Ago
Up