အီရန်တော်လှန်ရေးအစောင့်တပ် IRGC ရဲ့အကြီးအကဲက သူ့တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းဖို့ ဥရောပသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ မစိုးရိမ်တဲ့အကြောင်း ဇန်နဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပလွှတ်တော်က အီရန်တော်လှန်ရေးအစောင့်တပ်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းဖို့ ဇန်နဝါရီ ၁၈ ရက်က တောင်းဆိုခဲ့ပြီး ဆန္ဒပြသူတွေကို ဖိနှိပ်မှုနဲ့ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့မှုတို့အတွက် အီရန်ကို အပြစ်တင်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ရက်မှာတော့ ဥရောပသမဂ္ဂ (အီးယူ) ဟာ အီရန်အပေါ် ပိတ်ဆို့အရေးယူရာမှာ တစ်ဦးချင်း တင်သွင်းမှု ၃၇ ခုကို ထည့်သွင်းမယ်လို့ ဥရောပသံတမန်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အီရန်အစိုးရကြား ဆက်ဆံရေးဟာ မကြာသေးမီလတွေအတွင်း ဆိုးရွားလာခဲ့ပြီး နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေလည်း ရပ်တန့်သွားခဲ့ ပါတယ်။
အီရန်ဟာ ဥရောပနိုင်ငံသား အများအပြားကို ထိန်းသိမ်းထားပြီး ကွပ်မျက်တာအပါအဝင် ဆန္ဒပြသူတွေကို ဆက်လက်အကြမ်းဖက်ဖြိုခွင်းနေတဲ့အပေါ် အီးယူက ပိုပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။