close

အီးယူဥက္ကဋ္ဌ

close

December 16, 2021

အီးယူဥက္ကဋ္ဌတာဝန်ယူမည့် ပြင်သစ်နှင့်ကုန်သွယ်ရေးတိုးတက်ရန် ထိုင်ဝမ်မျှော်လင့်

လာမယ့်နှစ် ပြင်သစ်နိုင်ငံက ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းယူချိန်မှာ အီးယူနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တိုးတက်မှုရရှိဖို့ ထိုင်ဝမ်က မျှော်လင့်ထားပြီး အာဏာရှင် စနစ်ကို ရင်ဆိုင်ရာမှာ ဒီမိုကရေစီနိုင်ငံတွေ အတူတကွ လုပ်ဆောင်ရမယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အန်အန် Tsai Ing-wen က ပြင်သစ်လွှတ်တော်အမတ်အဖွဲ့ကို ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။ 

သမ္မတ Tsai ဟာ တရုတ်ကို တိုက်ရိုက်ပြောဆိုခြင်းမရှိပေမဲ့ ပြင်သစ်-တိုင်ပေ ပါလီမန် ချစ်ကြည်ရေးအဖွဲ့အကြီးအကဲ ဖရန်ဆွာဒီယူဂျီ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ  ဒီမိုကရေစီ နိုင်ငံတွေကို အတူတကွ ရပ်တည်ဖို့ တောင်းဆိုခဲ့တာပါ။ 

ဘောလ်တစ်ပြည်နယ်က ထိုင်ဝမ်ကို အဲဒီနေရာမှာ de facto သံရုံးဖွင့်ခွင့်ပြုဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့ဝင်နိုင်ငံ လစ်သူယေးနီးယားနဲ့ ပိုမိုဆိုးရွားတဲ့ အငြင်းအခုန်ဖြစ်ပွားမှုကို တရုတ်နိုင်ငံက ပါဝင်ပတ်သက်လာချိန်မှာ ပြင်သစ်ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ လစ်သူယေးနီးယား သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်မှာ မနှစ်မြို့စရာ ဆက်ဆံရေးအခြေအနေနဲ့ နိုင်ငံထဲကနေ ထွက်ခွာသွားပါတယ်။

ထိုင်ဝမ်ကတော့ သူ့ကျွန်းနယ်မြေပေါ်မှာ တရုတ်ရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် တောင်းဆိုမှုကို လက်ခံဖို့ တရုတ်နိုင်ငံကနေ စစ်ရေးနဲ့သံတမန်ရေးရာ ဖိအားတွေမြင့်တက်လာခြင်းကို ရင်ဆိုင်နေရ တာကြောင့် ထိုင်ဝမ်ဟာ တခြားသော အနောက်တိုင်းက ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ စိတ်အားထက်သန်နေပါတယ်။ 

3 mins Ago
Up