close

အုန်းဖျန် ကရင်ဒုက္ခသည်စခန်း

close

September 20, 2021

အုန်းဖျန် ကရင်ဒုက္ခသည်စခန်း ရေကြီးရေလျှံပြီး တံတား ၃ စင်း ပျက်စီး

ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ထဲက အုန်းဖျန် ကရင်ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၁၉ ရက်က  ရေကြီးရေလျှံပြီး  လမ်းတွေ ပျက်စီးသွားတယ်လို့   ဒေသခံတွေဆီက သိရပါတယ်။ 

မိုးများပြီး တောင်ကျချောင်းရေကြောင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းက တံတား  ၃ ခု  မျောပါ ပျက်စီးသွားပေမယ့် လူနေအိမ်နဲ့ ထိခိုက်သေဆုံးတာမရှိဘူးလို့ စခန်းဥက္ကဋ္ဌက ပြောပါတယ်။ 

“မနေ့က မိုးရွာပြီး တောင်ကျရေကြောင့် ထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ဒါပေမဲ့ တံတား ၃ စင်း ပြိုကျပျက်စီးသွားတယ်။ ရေက တအားကြီးလို့ပေါ့နော်။ တခြားအိမ်တွေ ပျက်စီးတာတို့ လူထိခိုက်တာတို့တော့ မကြားရဘူး။ တင်လာတာလည်း မရှိဘူး။ ”

လူဦးရေ ၂၀၀၀၀ ကျော်နေထိုင်တဲ့ အုန်းဖျန်ဒုက္ခသည်စခန်းဟာ ဟိုးအရင် စစ်အစိုးရ လက်ထက်မှာ မီးရှို့ခံရလို့ ထပ်ပြောင်းထားရတဲ့ စခန်းဖြစ်ပြီး မြန်မာနယ်စပ်နဲ့ ၁၀ ကီလိုမီတာ ကျော် ကွာဝေးပါတယ်။

5 mins Ago
Up