close

အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်း

close

July 23, 2022

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းတို့ကို အေအေ ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ  ဖမ်းဆီးထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတယောက်နဲ့ ယာဉ်မောင်းတယောက်တို့ကို ဇူလိုင် ၂၃ ရက် ဒီနေ့ မွန်းတည့်  ၁၂ နာရီ ၁၅ မိနစ်မှာ ပြန်လွှတ်ပေး လိုက်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က  ထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးလှရွှေနဲ့  သူရဲ့ ယာဉ်မောင်းတို့ကို ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီကျော်လောက်မှာ အေအေတပ်ဖွံ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ၇ ရက်အကြာမှာ အခုလို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူရဲ့ မိတ်ဆွေတစ်ဦးက "လွှတ်ပေးလိုက်ပြီလို့တော့ အေအေက ထုတ်ပြန်ထားတယ်။ မိသားစုဝင်တွေနဲ့လည်း ဖုန်းအဆက် အသွယ်ရပြီလို့သိရတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဘယ်လို အရေးယူမှုတွေ လုပ်လာမလဲ့ဆိုတာတော့ မပြောတတ်သေးဘူး။"လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးလှရွှေကို လိုအပ်ချက်အရ ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး စစ်ဖက်ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်မှု မရှိတဲ့အတွက် အခုလို ပြန်လွှတ်ပေးလိုက်တာလို့ အေအေ  ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူ ၁ ဦးက "ကိုယ်ရေးကိုယ်တာကိစ္စနဲ့ သွားတဲ့အချိန်မှာ ဖမ်းဆီးခံရတာဆိုရင်တော့ စစ်ဆေးအရေးယူမူတွေရှိလာမယ်။ အလုပ်ပြန်ရဖို့ပါ ခက်ခဲနိုင်တယ်။ ဒါမှမဟုတ်  အလုပ်တာဝန်နဲ့သွားတာဆိုရင်တော့ အပြစ်နည်းနိုင်တယ်။"လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးလှရွှေဟာ ဇူလိုင် ၁ ရက်ကစပြီး  စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနလက် အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဦးလှရွေဟာ ဘူးသီးတောင်မြို့နယ်ဇာတိလည်းဖြစ်ပြီး ဘူးသီးတောင်မြို့နယ်မှာလည်း  ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်  ချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo- AA Info Desk

8 mins Ago
Up